Pages

Pages

မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းကြေညာပြီး မဲစာရင်းတွင်ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ ကျန်ရှိမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက်



မဟာအောင်မြေ  ၊ နိုဝင်ဘာ ၃၀


မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းကြေညာပြီး မဲစာရင်းတွင်ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများကျန်ရှိမှုမရှိစေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို ရတနာဘုမ္မိအရှေ့ရပ်ကွက်၊ ရွှေဘုန်းရှိန်ရပ်ကွက်နှင့်  မဟာအောင်မြေအရှေ့ရပ်ကွက်များတွင် မြေပြင်ကွင်းဆင်း၍ ထပ်မံတိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးရဲမင်းလွင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကောင်းမြတ်ကျော်နှင့်ဝန်ထမ်းများ၊ မဟာအောင်မြေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာရပ်ကွက်‌စာရေးများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဝန်ထမ်းများနှင့် ရာအိမ်မှူး/ဆယ်အိမ်မှူးများမှ Door to Door မြေပြင်ကွင်းဆင်း၍ ထပ်မံတိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


‎အောင်ဇော်မင်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق