အိန္ဒိယ အမျိုးသမီး ၃၀% က အိမ်တွင်းအကြမ်းဖက်မှုကို ရင်ဆိုင်နေရဆဲ လို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယ အမျိုးသမီး ၃၀% က အိမ်တွင်းအကြမ်းဖက်မှုကို ရင်ဆိုင်နေရဆဲ လို့ ဆို


နိုဝင်ဘာ - ၂၄ ( တနင်္လာနေ့ ) 

အိန္ဒိယနိုင်ငံရှိ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား အမျိုးသမီးများရဲ့၃၀ ရာခိုင်နှုန်းနီးပါးသည် ၎င်းတို့ရဲ့ဘဝတွင် ရင်းနှီးသောအဖော်ရဲ့ အကြမ်းဖက်မှုကို ကြုံတွေ့ခဲ့ရပြီး အဲ့ဒိထဲက ငါးပုံတစ်ပုံကျော် သည် ၂၀၂၃ ခုနှစ်တစ်နှစ်တည်းမှာပဲ အကြမ်းဖက်မှုကို ရင်ဆိုင်ခဲ့ကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာအစီရင်ခံစာသစ်အရ သိရပါတယ်။ 

တစ်ကမ္ဘာလုံးတွင် အမျိုးသမီး သုံးဦးလျှင် တစ်ဦးနီးပါး၊ ခန့်မှန်းခြေ သန်း ၈၄၀ သည် ၎င်းတို့ရဲ့ ဘဝတစ်လျှောက်လုံးတွင် လက်တွဲဖော် သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ခံခဲ့ရပါတယ်။ နိုဝင်ဘာ ၂၅ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ မတိုင်မီ ထုတ်ပြန်သည့် အဆိုပါ အစီရင်ခံစာတွင် ၂၀၀၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၆၈ နိုင်ငံမှ စုဆောင်းထားသော အချက်အလက်များကို ကောက်ယူထားပါတယ်။ 

ကမ္ဘာတစ်ဝှမ်းရှိ အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား အမျိုးသမီး ၈ ဒသမ ၄ ရာခိုင်နှုန်းသည် အဖော်မရှိသူ၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကြုံတွေ့ရကြောင်း လေ့လာမှုများက ဖော်ပြပါတယ်။  အိန္ဒိယနိုင်ငံတွင် အသက် ၁၅ နှစ်နှင့်အထက် အမျိုးသမီးများ၏ လေးရာခိုင်နှုန်းခန့်သည် လက်တွဲဖော်မဟုတ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကြုံတွေ့နေရပါတယ်။ 

“အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ လူ့လောကရဲ့ ရှေးအကျဆုံးပျံ့နှံ့နေတဲ့ မမျှတမှုတွေထဲက တစ်ခုဖြစ်ပြီး အရေးယူမှုအနည်းဆုံးတွေထဲက တစ်ခုပါ” လို့ WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တီးဒရို့စ် ပြောပါတယ်။ 


REF: tribune

#News #International

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)