တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်မြို့နယ်၊ ကညင်ရေလှောင်တမံမှ (၁၀.၅) မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်မြို့နယ်၊ ကညင်ရေလှောင်တမံမှ (၁၀.၅) မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး




ပုသိမ် ၊  နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ ကညင်ရေလှောင်တမံမှ (၁၀.၅) မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ ကညင်ရေလှောင်တမံမှ (၁၀.၅) မဂ္ဂါဝပ် ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှ တာဝန်ရှိသူက စီမံကိန်းတွင် ဆောင်ရွက်လျက်ရှိသည့် Intake Tower (ရေယူအဆောက်အဦ) တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှု၊ Penstock (ဖိအားမြင့်သံမဏိပိုက်လိုင်း) တပ်ဆင်ခြင်းလုပ်ငန်းပြီးစီးမှု၊ Dam Earth Filling Work (တမံမြေဖို့ခြင်းလုပ်ငန်း) ဖြန့်/ကြိတ်/ ဖို့ခြင်း လုပ်ငန်းစဉ်များကို သက်ဆိုင်ရာအရည်အသွေးစစ်ဆေးရေးအဖွဲ့များနှင့် အနီးကပ်ကြီးကြပ်၍ အလွှာလိုက် စစ်ဆေးစမ်းသပ်၍ လုပ်ဆောင်လျက်ရှိမှု၊ Powerhouse (ဓာတ်အားပေးစက်ရုံ) တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှု၊ Tailrace Channel (ရေထုတ်မြောင်း) ဖောက်လုပ်တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှု၊ Substation & Transmission Line (ခွဲရုံနှင့်မီးလိုင်းဆွဲခြင်းလုပ်ငန်း) ခွဲရုံတည်ဆောက်ခြင်းနှင့် မီးလိုင်းဆွဲခြင်းလုပ်ငန်းအားလည်း အခြားလုပ်ငန်းများနှင့်အတူ တစ်ပြိုင်နက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းတစ်ခုလုံးအပေါ် လုပ်ငန်းအလိုက်ပြီးစီးမှု ၆၈% ပြီးစီးပြီဖြစ်ပါကြောင်း ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးတည်ဆောက်ရန်၊ လျှပ်စစ်ဓါတ်အားတတ်နိုင်သမျှ ဆောလျင်စွာ ထုတ်လုပ်နိုင်ရေးအတွက် နေ့ဆိုင်းညဆိုင်း ဆောင်ရွက်ရန်၊ ရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်းပြီးစီးပါကလည်း ကညင်ရေလှောင်တမံရေပိုလွှဲ (Spillway) ပေါ်တွင် Hydraulic Elevator Dam (HED) 2 m တပ်ဆင်၍  ရေလှောင်တမံအတွင်း ၁၂၀၀၀ ဧကပေ ရေပိုမိုသိုလှောင်နိုင်ရေး အသေးစိတ်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ကွင်းကောက်တောင် ကျေးရွာအုပ်စု၊ သက်ရှည်ရတနာ သာသနာ့ဗိမာန်တော်တွင် ကျင်းပသည့် ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော် ထီးတော်တင်လှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဒုတိယအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် မဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ၊ ဝိနိယဝိဒူ B.A(Myanmar)၊ မဟာစည်နယ်လှည့်ဓမ္မကထိက သဒ္ဓမ္မဂုဏ်ရည်အရှင်ကုသလ ကျောက်စိမ်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးမိသားစုနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပေးအပ်လှူဒါန်းသော အလှူငွေများကို ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော် တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌကလည်းကောင်း၊ ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေများကို  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကလည်းကောင်း လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သာသနဓဇဓမ္မာစရိယ၊ ဝိနိယဝိဒူ B.A(Myanmar)၊ မဟာစည်နယ်လှည့်ဓမ္မကထိက သဒ္ဓမ္မဂုဏ်ရည်အရှင်ကုသလ ကျောက်စိမ်းဆရာတော်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံစိရံတိဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်   ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော်  ထီးတော်တင်လှူနိုင်ရေးအတွက် လိုအပ်သည်များကို  တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကာ ဝိဇယသိဒ္ဓိကျောက်စိမ်းစေတီတော်မြတ်ကြီး၏ လှိုင်ဂူတော်အတွင်းရှိ  ဝိဇယသိဒ္ဓိကျောက်စိမ်း စေတီတော်ပုံစံငယ်၊ ကျောက်စီနံရံကပ်ပန်းချီများ၊ ရုပ်ပွားတော်မြတ်များနှင့် မြန်မာမှုလက်ရာများအား ဖူးမြော်ကြည်ညိုလေ့လာခဲ့ပြီး စေတီတော်ကြီး၏ ရင်ပြင်တော်နှင့် တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)