ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ဌာနဆိုင်ရာများမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ဌာနဆိုင်ရာများမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး



ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမျိုးသားသွေးဌာနတွင် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ စုစုပေါင်း (၂၀၀) ဦးတို့က သွေးလှူဒါန်းနေမှု အခြေအနေများအား ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက သွေးလှူဒါန်းနေသည့် အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွေးလှူရှင်များအား အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။

အဆိုပါ သွေးများကို အမျိုးသားသွေးဌာနတွင် ထိန်းသိမ်းထားရှိကာ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ ခွဲစိတ်ကုသမှုခံယူသူများ၊ သွေးရောဂါဝေဒနာရှင်များ၊ ကင်ဆာရောဂါဝေဒနာရှင်များအပြင် လိုအပ်သည်နေရာများထံသို့ အချိန်မီပေးပို့နိုင်ရေးကို တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဇွဲထက်ကို

#News #Yangon

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)