Pages

Pages

ထိုင်းနိုင်ငံတောင်ပိုင်း ရေကြီးမှုအတွက် အရပ်ဘက်ကယ်ဆယ်ရေးတွေ လှုတ်ရှားနေရ






နိုဝင်ဘာ - ၂၅ ( အင်္ဂါနေ့ ) 

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် နေရာအနှံ့ ရေကြီးရေလျှံမှုများအတွက် ဒေသအနှံ့ ရေဘေးသင့်ရပ်ရွာများကို ထောက်ပံ့ကူညီရန် ဖူးခက်အဖွဲ့ အစည်းများ စုဝေးကာ ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကလုပ်ဆောင်နေပါတယ်။ 

ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးဖြစ်သော ရေကြီးမှုကြောင့် တောင်ပိုင်းပြည်နယ်တော်တော်များများကို ထိခိုက်ခဲ့ပါတယ်။ မြစ်ရေသည် ဆက်လက်မြင့်တက်နေပြီး မြေနိမ့်ပိုင်းရပ်ကွက်များ ရေလွှမ်းခံလိုက်ရပါတယ်။ လူထောင်နဲ့ချီပြီး ဘေးလွှတ်ရာသို့ရွှေ့ပြောင်းခဲ့ရပါတယ်။ 

ဖူးခက်လူမှုရေး အဖွဲ့အစည်းများက ကာမာလာဒေသနေထိုင်သူများနဲ့ ပူးပေါင်းပြီး  ရေ၊ အစာခြောက်၊ အဝတ်အထည်၊ ဆေးဝါး၊ ဖယောင်းတိုင်နှင့် ဓာတ်မီးများကဲ့သို့သော မရှိမဖြစ် လိုအပ်သောပစ္စည်းများကို စုဆောင်းရယူရန်အတွက် စားသောက်ဆိုင်များအနီးတွင် နိုဝင်ဘာ ၃၀ ရက်အထိ လှူဒါန်းမှုများကို လက်ခံနေပါတယ်။ 

ဘန်ဘန်ဖက်ဒေသခံတွေကလည်း ဆန်၊ သောက်ရေနှင့် ကုန်ပစ္စည်းခြောက်များကို စုဆောင်းထားပြီး လိုအပ်တဲ့ဒေသတွေ အကူအညီတောင်းနိုင်ဖို့ အွန်လိုင်းပေါ်မှာ ဖုန်နံပတ်တွေကို ဖော်ပြထားပါတယ်။ 


REF: Thaigers

#News #Thailand

ليست هناك تعليقات:

إرسال تعليق