ရန်ကုန် ၊ နိုဝင်ဘာ ၂၉
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းမှန်ကန်ရေး၊ အိမ်တိုင်ရာရောက် စီစစ်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သက်ပိုင်ဇော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား အမှားအယွင်း ကင်းရှင်းအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ မဲစာရင်းများပြုစုရာတွင် သက်ဆိုင်ရာဌာနများက အဆင့်ဆင့် အလေးထားပူးပေါင်းဆောင်ရွက်ရန်၊ မဲစာရင်းပြုစုရာတွင် မဲမသမာမှု မဖြစ်စေရေး မှန်ကန်မှုရှိအောင် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ပေးရန်နှင့် အောင်အောင်မြင်မြင်ဖြစ်အောင် ဆောင်ရွက်သွားကြရန်စသည်တို့ကို ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် သက်ပိုင်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ အတွင်းရေးမှူး ဦးဇော်နိုင်ဦးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးမောင်မောင်သန်းတို့က ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများက လုပ်ငန်းအခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပေါင်းစပ်ညှိနှိုင်းပူပေါင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
ليست هناك تعليقات:
إرسال تعليق