နိုဝင်ဘာ - ၂၅ ( အင်္ဂါနေ့ )
မနေ့ကအထိ မလေးရှားပြည်နယ် ခုနစ်ခုတွင် ရေကြီးမှုကြောင့် လူ ၁၂,၀၀၀ ကျော် ထိခိုက်ခဲ့ပြီး ကီလန်တန် ဒေသမှာ အဆိုးဝါးဆုံး ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့ပါတယ်။ အရှေ့မြောက်ပိုင်းပြည်နယ်တစ်ခုတည်းတွင် ရေလွှမ်းမိုးမှုကြောင့် မိသားစု ၃၀၀၀ကျော်ရဲ့ လူဦးရေ ၁သောင်း နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ဘာနာမာ က ဖော်ပြခဲ့ပါတယ်။
အာဏာပိုင်များရဲ့ အဆိုအရ ကီလန်တန် ရဲ့ အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်ပြီး ယင်းဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်ပါတယ်။
အခြားပြည်နယ်များတွင်လည်း ရေကြီးရေလျှံမှုများ နဲ့ ရင်ဆိုင်နေရပါတယ်။ ပါလီ တွင် သေဆုံးသူဦးရေသည် မိသားစု ၂၄၃ မှ ၈၁၁ ဦးအထိ ရှိခဲ့ပါတယ်။ ပီနန် ရေဘေးသင့်သူဦးရေမှာ မိသားစု ၁၀၄ စုမှ လူ ၄၀၄ ဦးအထိရှိခဲ့ပြီး ပီရက်ခ်၊ ကီဒါ နဲ့ တီရန်ဂါနူတို့တွင်လည်း ရေဘေးဒုက္ခသည်များ တိုးလာကြောင်း အစီရင်ခံတင်ပြခဲ့ပါတယ်။ အကျပ်အတည်းအတွက် ကယ်ဆယ်ရေးစခန်းအချို့ကို ပံ့ပိုးပေးခဲ့ပါတယ်။
ဆီလန်ဂေါသည် ရေလွှမ်းမိုးမှုဒဏ်ခံရသည့် နောက်ဆုံးပြည်နယ်ဖြစ်လာပြီး အရေးပေါ်တုံ့ပြန်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လိုအပ်နေသည့် ဒေသစာရင်းတွင် တိုးလာနေသည်။ မီတာ ၆၀ (ပေ ၂၀၀ နီးပါး) မြေပြိုမှုတစ်ခု ကွာလာလမ်ပူမြို့တော်ရှိ အိမ်ရာဧရိယာတစ်ခုတွင်ဖြစ်ပွားခဲ့ပြီး မော်တော်ကားများ မြေအောက်သို့ မြုပ်သွားကာ လူနေခန်း ၁၀၄ ခန်းကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
REF: Bernama
#News #Malaysia


ليست هناك تعليقات:
إرسال تعليق