ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း သန်လျင်မြို့နယ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ရှေ့တွင် လူသွားစင်္ကြန်(ပလက်ဖောင်း) ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း သန်လျင်မြို့နယ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ရှေ့တွင် လူသွားစင်္ကြန်(ပလက်ဖောင်း) ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ နိုဝင်ဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့ညနေပိုင်းက သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ရှေ့တွင် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လူသွားစင်္ကြန်(ပလက်ဖောင်း) ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် သန်လျင်မြို့နယ်၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ရှေ့တွင် အကျယ် (၇)ပေ၊ အလျား (၂၃၀၀)ပေ လူသွားစင်္ကြန် (ပလက်ဖောင်း) ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်းတင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် သစ်ပင်များထိခိုက်မှုမရှိစေရေး၊ ကျောင်းရှေ့ သန့်ရှင်းသာယာလှပစေရေးအတွက် သစ်ပင်များထပ်မံစိုက်ပျိုးရန်၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေထွက်ပေါက် ပလက်ဖောင်းဖြတ်မြောင်းများ ဆောင်ရွက်ရန်လုပ်ငန်းများအား အချိန်တိုအတွင်းပြီးစီးရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကိုက်ညီစွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရန် စသည်တို့ကို မှာကြားသည်။


ဇွဲထက်ကို 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)