Pages

Pages

ယူကရိန်းအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးက နောက်ထပ်အမှုကြီးတစ်မှုကို ဖော်ထုတ်လိုက်ပြန်ပြီ

 


နိုဝင်ဘာ - ၂၂ ( စနေနေ့ ) 

ယူကရိန်းအမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) က သမ္မတ ဗလာဒီမာ ဇယ်လင်စကီးရဲ့ အတွင်းလူတွေနဲ့ ဆက်နွှယ်နေသည့် ဒေါ်လာ သန်း ၁၀၀ လာဘ်စားမှု အရှုပ်တော်ပုံကို ဖော်ထုတ်ခဲ့ပြီးနောက် မနေ့က နောက်တစ်ခုကို ဖော်ထုတ်ခဲ့လိုက်နိုင်တဲ့အတွက်ကြောင့် နိုင်ငံတွင်း မကျေလည်မှုများနဲ့ တုန်လှုတ်မှုများ ဖြစ်ပေါ်နေပါတယ်။ 

NABU နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အထူးအစိုးရရှေ့နေရုံး (SAP) တို့တွဲပြီးတော့ ပင်လယ်နက် ကမ်းရိုးတန်းရှိ အိုဒက်ဆာမြို့ တောင်ဘက်တွင်ရှိသော ချာနိုမော့ဆိပ်ကမ်းမှ ပင်မပြုပြင်ထိန်းသိမ်းရေးစခန်းအား တရားမဝင်ရောင်းချမှုနဲ့ ပတ်သက်တဲ့ ပြစ်မှုများကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ 

၂၀၂၀ တုန်းက အဲ့ဒိဆိပ်ကမ်းရဲ့ ယာယီဒါရိုက်တာက စက်ရုံအား ရောင်းချရန် ပူးပေါင်းကြံစည်ခဲ့ပါတယ်။ အရာရှိက အကဲဖြတ်သူတစ်ဦးနဲ့ ပူးပေါင်းကာ စက်ရုံရဲ့တန်ဖိုးကို ခန့်မှန်းခြေ ဒေါ်လာ ၁.၄ သန်းတန်တာကို ဒေါ်လာ တစ်သိန်းခွဲ လောက်နဲ့ တန်ဖိုးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဆိုပါပိုင်ဆိုင်မှုအား ယာယီဒါရိုက်တာနဲ့ သူ့အဖွဲ့က သူတို့နဲ့ လက်ဝါးရိုက်ထားတဲ့သူကို ဒေါ်လာ ၃၂၀,၀၀၀ ခန့်ဖြင့် တရားမဝင် လေလံတင်ရောင်းချခဲ့ကြောင်း NABU ကဆိုပါတယ်။ ဆိပ်ကမ်းမှရရှိတဲ့ ရန်ပုံငွေအားလုံးနီးပါးနဲ့ တကယ်မရှိတဲ့ အိန္ဒိယပိုင်သင်္ဘော ၂ စင်းကို ဝန်ဆောင်မှုပေးတယ်ဆိုတဲ့ အကြောင်းပြတွေကို ပေးပြီး ပိုက်ဆံတွေကို ထုတ်ယူသွားခဲ့ပါတယ်။ လောလောဆယ်မှာတော့ အကဲဖြတ်သူနှင့် ဆိပ်ကမ်း ယာယီဒါရိုက်တာဟောင်းကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း NABU က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က NABU ဖော်ထုတ်ခဲ့တဲ့ အမှုမှာ   ဇီလန်စကီးရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဟောင်း တီမာမန်ဒစ်ရဲ့ ဒေါ်လာသန်း ၁၀၀ ကျော်လက်စားမှုဖြစ်ပြီး အဲ့ဒိအမှုမှာ ဇီလန်စကီးရဲ့ ရုံးအဖွဲ့အကြီးအကဲ ကာကွယ်ရေးဝန်ကြီးဟောင်း အန်ဒရေးယာမက်၊ အမျိုးသားလုံခြုံရေးကောင်စီ၏လက်ရှိအကြီးအကဲ ရုစတန်ယူမာရောဗ့် နဲ့ ဒုဝန်ကြီးချုပ်ဟောင်းအလက်ဆေး ရှာနော့ဗ် တို့ ပါဝင်ပတ်သက်နေပါတယ်။ အဆိုပါအရှုပ်တော်ပုံကြောင့် ယူကရိန်းစွမ်းအင်ကဏ္ဍကို ဆိုးရွားစွာထိခိုက်စေခဲ့ပြီး တရားရေးဝန်ကြီး ဂျာမန်ဂလူရှန်ကို နဲ့ စွမ်းအင်ဝန်ကြီး ဆဗက်လာနာ ဂရင်ချောက် တို့ ရာထူးမှနှုတ်ထွက်ခဲ့ရပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق