စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား တက်ရောက်





မုံရွာ  ၊ နိုဝင်ဘာ ၂၀


(၃၆)နှစ်မြောက် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ မူလတန်းကြိုကျောင်းများမှ ဆရာ/ဆရာမများနှင့် ကလေးငယ်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုသည် ကလေးသူငယ်များအား အကြမ်းဖက်ခြင်း၊ အလွဲသုံးခြင်း၊ လစ်လျူရှု ခြင်း၊ ခေါင်းပုံဖြတ်ခြင်းများအား မိဘ၊ ရပ်ရွာ၊ ပတ်ဝန်းကျင်တို့မှ ဝိုင်းဝန်းပူးပေါင်း ကာကွယ်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ကလေးသူငယ်များသည် မိမိတို့နိုင်ငံအနာဂတ်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည်နှင့်အညီ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသည် အရေးကြသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယခု(၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများ နေ့ ဆောင်ပုဒ်ဖြစ်သည့် “နေ့စဉ်အခွင့်အရေးများ မြှင့်တင်ရေး ကလေးများအသံ နားထောင်ပေး”ဖြစ်သည်နှင့်အညီ ကလေးငယ်များ၏ ဖွံ့ဖြိးမှုရှိစေမည့် လုပ်ငန်းစီမံချက်များ အား များများဖော်ဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) Video Clip အား ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ မုံရွာမြို့ပေါ်ရှိ မူလတန်းကြိုကျောင်းများမှ ကလေးငယ်များ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက တေးသီချင်းများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည့် မူလတန်းကြိုကျောင်းများမှ ကလေးငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် - ၅ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အခမ်းအနား သို့တက်ရောက်လာကြသည့် မုံရွာမြို့ပေါ်ရှိ မူလတန်းကြိုကျောင်းများမှ ကလေးငဘ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား ပေးအပ်ကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။  


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)