အေအိုင်ကို မျက်စေ့မှိတ် ယုံလို့မရသေးဘူးလို့ ဂူဂဲလ် အကြီးအကဲဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အေအိုင်ကို မျက်စေ့မှိတ် ယုံလို့မရသေးဘူးလို့ ဂူဂဲလ် အကြီးအကဲဆို


နိုဝင်ဘာ - ၁၉ ( ဗုဒ္ဓဟူးနေ့ )

အွန်လိုင်းပေါ်က ရှာဖွေရေး အင်ဂျင်များဖြစ်တဲ့ အေအိုင် ( ဉာဏ်ရည်တု) တွေမှာ အချက်အလက်များ တိကျမှု အားနည်းနေသေးတာကြောင့် မျက်စိစုံမှိတ်ပြီး မယုံသင့်ဘူးလို့ ဂူဂဲလ်နဲ့  ၎င်းရဲ့ မိခင်ကုမ္ပဏီ အယ်လ်ဖာဘတ် မှ အကြီးအကဲဖြစ်သူ ဆန်ဒါပီချိုင်း က သတိပေးပြောကြားခဲ့ပါတယ်။ 

အင်္ဂါနေ့က ထုတ်လွှင့်ခဲ့သော ဘီဘီစီနဲ့ အင်တာဗျူးမှာ ပီချိုင်း က အွန်လိုင်းသုံးစွဲသူများအနေနဲ့ အချို့သောကိစ္စ တွေမှာ အေအိုင်ကို အမြဲတမ်းမှီခိုနေတာထက် အခြားကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့ ရှာဖွေရေးကိရိယာများကို အားကိုးရန် တိုက်တွန်းခဲ့ပါတယ်။ 

“အေအိုင် ကိရိယာများက "သင်ဖန်တီးမှုတစ်ခုခုရေးလိုပါက" အသုံးဝင်သော်လည်း အသုံးပြုသူတွေအနေနဲ့ "သူတို့ကျွမ်းကျင်ရာကို ဆက်လေ့လာဖို့အတွက် က အေအိုင်သုံးနည်းကိုလေ့လာရမှာဖြစ်ပြီး အေအိုင်ပြောသမျှကို လိုက်လုပ်လို့ မရသေးပါဘူး။ ပြီးတော့ အေအိုင်ပြောသမျှကို မျက်စိမှိတ်ယုံလို့မရသေးပါဘူး။ လက်ရှိ အေအိုင်တွေမှာ အမှားတွေ အများကြီး ရှိနေပါသေးတယ်” လို့ ပြောသွားပါတယ်။ 

ဂူဂဲလ်က ၎င်း၏ နောက်ထပ် အဓိက အေအိုင် မော်ဒယ် ဂျမနိုင်း ၃.၀ ကို ထုတ်ဖော်ပြသရန် ပြင်ဆင်နေချိန်တွင် ၎င်းရဲ့ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ပီချိုင်းက အေအိုင် အကူအညီ အစီအစဉ်အသစ်တစ်ခုကို ဒီနှစ်ကုန်မှာ ထပ်ထုတ်ဦးမှာပါ။ ဒါပေမဲ့ သူက အေအိုင်မှာ အားနည်းချက်တွေ အများကြီးရှိသေးတယ်လို့ ဆိုပါတယ်။ အသုံးပြုသူတွေ အနေနဲ့ ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို ရှာဖွေရေး အင်ဂျင်တွေနဲ့ တွဲသုံးဖို့လိုကြောင်းကိုလည်း ပြောသွားပါတယ်။ 

၂၀၂၃ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သော ဂျမနိုင်းအေအိုင် မှာ ကွဲပြားမှုတွေ ရှိနေပြီး သုံးစွဲသူ ဘေးကင်းရေး အစီအစဉ်များ အားနည်းနေသေးတယ် လို့ ဝေဖန်ခံနေရပါတယ်။ အဲ့ဒိ မော်ဒယ်မှာ အမေရိကန်တည်ထောင်သူ ဖခင်များ နဲ့  ရုရှားဧကရာဇ်များကနေစပြီး ကက်သလစ်ပုပ်ရဟန်းမင်းများနဲ့ နာဇီဂျာမန်စစ်သားများတွေအထိ သမိုင်းဝင်ပုဂ္ဂိုလ်များအဖြစ် လွဲမှားစွာတင်ပြခြင်းအတွက် ကျယ်ကျယ်ပြန့်ပြန့် လှောင်ပြောင်ခြင်းခံခဲ့ရပါတယ်။ 

ယခုလအစောပိုင်းတွင် ဂူဂဲလ် က ဂျမနိုင်း ကို  ခွင့်ပြုချက်မရှိဘဲ အသုံးပြုသူများရဲ့ အချက်အလက်တွေကို စုဆောင်းဖို့ လျှို့ဝှက်လုပ်ဆောင်ခဲ့တယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ဖက်ဒရယ် တရားရုံးရဲ့ တရားစွဲဆိုမှုတစ်ခုမှာ ကုမ္ပဏီသည် အေအိုင်ကို လက်ထောက်ချပြီး ဂျီမေးလ်၊ စကားပြောဆိုမှု နဲ့  ဗီဒီယိုကွန်ဖရင့်ဝန်ဆောင်မှုများမှတစ်ဆင့် ကိုယ်ပိုင်ဆက်သွယ်ရေးများကို တရားမဝင် ကြားဖြတ်စောင့်ကြည့်ရန် ခွင့်ပြုထားကြောင်း တိုင်ကြားခံခဲ့ရပါတယ်။ 


REF: RT 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)