မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းမှဦးဆောင်၍ အိန္ဒိယနွယ်ဖွားများ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရှင်းလင်းပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းမှဦးဆောင်၍ အိန္ဒိယနွယ်ဖွားများ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရှင်းလင်းပွဲအခမ်းအနား ကျင်းပ


\



မော်လမြိုင်  ၊ နိုဝင်ဘာ ၂၉


မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်းမှဦးဆောင်၍ အိန္ဒိယနွယ်ဖွားများ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရှင်းလင်းခြင်းအခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်၊ ဆုတောင်းပြည့် ဧရိဂျေယမူသူးမာရိယပ္ပာန် မယ်တော်ကြီးမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြန်မာ-အိန္ဒိယကိုယ်စားလှယ် ဦးလှဝင်းနှင့်အဖွဲ့ဝင်များ၊ အိန္ဒိယနွယ်ဖွား မြို့နယ် (၁၀)မြို့နယ်မှ ကိုယ်စားလှယ်များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့် ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ တွေ့ဆုံပွဲတွင် မြန်မာ - အိန္ဒိယ ချစ်ကြည်ရေးအသင်းကိုယ်စားလှယ်အဖွဲ့၊ ဘဏ္ဍာရေးမှူး ဦးလှဝင်းမှ ယနေ့တွေ့ဆုံပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက မြန်မာ-အိန္ဒိယချစ်ကြည်ရေးအဖွဲ့ကိုယ်စားလှယ်များနှင့် အိန္ဒိယနွယ်ဖွားမြို့နယ်များမှ ကိုယ်စားလှယ်များအား ဦးစီးဌာနမှ ထုတ်ပေးဆောင်ရွက်လျက်ရှိသည့် ကတ်ပြားအမျိုးအစားများ၊ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (National Verification Cand)ကိုင်ဆောင်ခြင်းကြောင့် ရရှိနိုင်မည့်အခွင့်အရေးနှင့် တာဝန်များ၊ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေများအရ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း၊ ဧည့်နိုင်ငံသားဖြစ်ခြင်းများနှင့်  နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ်၊ မဟုတ် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် ပုဒ်မ ၆၅ ဖြင့် ဗဟိုအဖွဲ့သို့ တင်ပြဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသေးစိတ် Power Point များဖြင့် ရှင်းလင်းဆွေးနွေး၍  အိန္ဒိယနွယ်ဖွားကိုယ်စားလှယ်များမှ လုပ်ငန်းကူညီဆောင်ရွက်ပေးမည့် အစီအမံများအား ညှိနှိုင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းကိုယ်စားလှယ်အဖွဲ့၊ ဘဏ္ဍာရေးမှူး ဦးလှဝင်းက တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့မှုများနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့ တက်ရောက်သူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)