ပြင်သစ်မှာ စေတနာ့ဝန်ထမ်း စစ်မှုထမ်းတွေ ခေါ်ဖို့လုပ်နေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်သစ်မှာ စေတနာ့ဝန်ထမ်း စစ်မှုထမ်းတွေ ခေါ်ဖို့လုပ်နေပြီ



နိုဝင်ဘာ - ၂၅ ( အင်္ဂါနေ့ ) 

ပြင်သစ်သမ္မတ မာခရွန်က  ယခုသီတင်းပတ်အတွင်းကနေစပြီး စေတနာဝန်ထမ်း စစ်မှုထမ်းခြင်း အစီအစဉ်သစ်ကို စတင်ရန် ပြင်ဆင်နေကြောင်း လီဖီယာဂိုး သတင်းဌာနက ဆိုပါတယ်။ ရုရှား က ငြင်းနေပေမဲ့လည်း ဥရောပကို ကျူးကျော်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မာခရွန်က ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စပြီး စစ်မှုထမ်းဖို့ အဆိုပြုချက်ကို အကောင်အထည်ဖော်ဖို့ လုပ်နေတာပါ။ 

သူ့အစီအစဉ်က လက်ရှိစစ်မှုထမ်းခြင်း နဲ့ မည်သို့ကွာခြားမည်ကို အသေးစိတ်ဖော်ပြခြင်းမရှိဘဲ လျော်ကြေးငွေဖြင့် ဆယ်လတာဆန္ဒအလျောက် ဝန်ဆောင်မှုပေးမည့် အစီအစဉ်ဖြစ်ကြောင်း သတင်းစာက ဖော်ပြခဲ့ပါတယ်။ ပြင်သစ်သည် ၁၉၉၇ ခုနှစ်တွင် သမ္မတ Jacques Chirac လက်ထက်တွင် စေတနာ့ဝန်ထမ်း စစ်မှုထမ်းခြင်းအား ရပ်ဆိုင်းခဲ့ပြီး ကျွမ်းကျင်ပြီး အပြည့်အဝတာဝန်ထမ်းဆောင်တဲ့ စစ်တပ်ကိုသာ ထားရှိခဲ့တာပါ။ 

“မသေချာမရေရာမှုတွေနဲ့ တင်းမာမှုတွေမြင့်တက်နေတဲ့ကမ္ဘာမှာ… ပြင်သစ်ဟာ အင်အားတောင့်တင်းတဲ့ နိုင်ငံ အဖြစ် ဆက်ရှိနေရမှာပဲ” လို့ တောင်အာဖရိကမှာကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးရဲ့ဘေးဘက် အင်တာဗျူး မှာ မာခရွန်က သတင်းထောက်တွေကို ပြောသွားပါတယ်။ 

အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး လီဖီဂါရိုက တစ်နှစ်ကို လူ ၅၀,၀၀၀ အထိ ဆင့်ခေါ်ဖို့ရာရှိနေတယ်လို့ ဆိုပါတယ်။ ပြင်သစ်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့များ တိုးချဲ့ရန် ကြိုးပမ်းမှုသည် ၂၀၂၂ ခုနှစ် ယူကရိန်း ပဋိပက္ခ ပြင်းထန်လာချိန်မှစခဲ့ပြီး အခြားသော အီးယူ နိုင်ငံတွေကလည်း အလားတူ လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ပါတယ်။

ပိုလန်နိုင်ငံကလည်း အခကြေးငွေဖြင့် စေတနာအလျောက် အခြေခံစစ်မှုထမ်းခြင်းကို စတင်ခဲ့သလို ဂျာမနီကလည်း စေတနာ့ဝန်ထမ်း အရေအတွက် နည်းပါးပါက ရွေးချယ်သည့် စစ်မှုထမ်းအဖြစ် ပြောင်းလဲနိုင်တဲ့ စစ်မှုထမ်းပုံစံသစ်ကို အတည်ပြုခဲ့ပါတယ်။ နယ်သာလန်က ဥပဒေမူကြမ်းကို ပြန်လည်စတင်ရန် လုပ်နေလို့  လူထုအငြင်းပွားမှု နဲ့ ရင်ဆိုင်နေရသလို လတ်ဗီးယားနှင့် ခရိုအေးရှားတို့ကဲ့သို့ အခြားနိုင်ငံများတွင်လည်း မသင်မနေရ စစ်မှုထမ်းခြင်းကို ပြန်လည်အသက်သွင်းခဲ့ပြီး ဒိန်းမတ်က စစ်မှုထမ်းတွေမှာ အမျိုးသမီးများပါဝင်ရန် မူကြမ်းကို တိုးချဲ့ခဲ့ပါတယ်။ 


REF: RT

#News #International

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)