Pages

Pages

နိုင်ငံတကာမျက်နှာစာ၌ မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ဆွေးနွေး


နေပြည်တော်၊ နိုဝင်ဘာ ၂၅

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov ကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံတကာမျက်နှာစာ၌ မြန်မာ-ရုရှားပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#News #Myanmar #Russia

ليست هناك تعليقات:

إرسال تعليق