မအူပင်မြို့ အမှတ်(၁)ရပ်ကွက် ဇောတိကစက်ဝန်းအတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

မအူပင်မြို့ အမှတ်(၁)ရပ်ကွက် ဇောတိကစက်ဝန်းအတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွား





မအူပင်၊ နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဇောတိကစက်ဝန်းရှိ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ငှားရမ်းသုံးစွဲသည့် MAPCO ကုမ္ပဏီ၏ (၁၄၄× ၅၁)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ဂုဏ်လျှော်သိုလှောင်ရုံ(၂)လုံး ယမန်နေ့နံနက် (၁၁)နာရီ(၃၀)မိနစ်အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

မီးလောင်းကျွမ်းမှုမှာ လူငယ်(၃)ဦးမှ သိုလှောင်ရုံ(၂)လုံးကြားရှိ လျှော်ရိုးစည်းပေါ်တွင် ဆေးလိပ်ထိုင်သောက်ရာမှ ဆေးလိပ်မီးပွားကျ၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဂုဏ်လျှော်သိုလှောင်ရုံ(၁၇)ရုံရှိသည့် အနက်(၁၄၄×၅၁)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ဂုဏ်လျှော်သိုလှောင်ရုံ (၂)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား မအူပင်ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမိုးထွန်းဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး၊ မအူပင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေယာဉ်(၁)စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၇)စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ (၁၂)နာရီ(၅)မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး၊ (၁၂)နာရီ (၄၅)မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ရာ လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း သိရသည်။


 အောင်မြင့်မြတ် 

#News

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)