ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

 


ပဲခူး  ၊ နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ (၂၅) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူး မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရည်သီးနှံဌာခွဲ၊ နှစ်ရည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (အင်းတကော်)သို့ ရောက်ရှိခဲ့ပြီး “ရာဘာနှင့်ကြားသီးနှံစိုက်ခင်း” ရိုဘက်စတာ(မြေနိမ့်ကော်ဖီ)နှင့် ကိုကိုးသီးနှံပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကော်ဖီပျိုးပင်အား အမှတ်တရ စိုက်ပျိုးပေးခဲ့ကာ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်တို့မှ နှစ်ရှည်သီးနှံစိုက်ပျိုးသည့် ခြံပိုင်ရှင်များခေါ်ယူ၍ အသိပညာပေးရန်၊ ကော်ဖီပျိုးပင်များ ဖြန့်ဝေပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှ စိုက်ပျိုးလျက်ရှိသည့် စက်မှုကုန်ကြမ်း သီးနှံရာဘာပင်များအား မျိုးကိုင်းပွားနည်းဖြင့် မျိုးထိန်းသိမ်း စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် ရှင်းလင်းဆောင်၌ ခြံတာဝန်ခံဦးတင့်လွင်ဦးက နှစ်ရည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (အင်းတကော်)ခြံ၏ စိုက်ပျိုးရေးဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြားသီးနှံအဖြစ် ဝဥစိုက်ပျိုးခြင်းအပြင် မြေလွတ်နေရာများတွင် ဒေသကြက်မွေးမြူသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပဲခူးမြို့နယ်၊ တာဝဘူတာကျေးရွာအဝင်၌ ဆွေးမြေ့နေသည့် သစ်သားတံတားအရှည်(၉၀)ပေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အရှည်(၁၂၀)ပေ တစ်လွှာတစ်ထပ်သံဘေလီတံတား ချက်ခြင်းတည်ဆောက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တာဝဘူတာကျေးရွာအလယ်တန်းသို့ သွားရောက်၍ ကျောင်းသား/သူ အား အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ဆရာ/ဆရာမများအတွက် သီးခြားချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ တာဝဘူတာကျေးရွာ၊ ဇလပ်ထော်ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်အား ဖူးမြှော်ကန်တော့၍ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ် သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးပြောကြားခဲ့သည်။ ၎င်းနောက် တောင်ပို့တရာအဝင်တံတား ခြေအောက်ကြမ်းခင်းကျိုးပျက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး ပြန်လည်ပြုပြင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ တောင်ပို့တရာကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဦးကြည်လွင်နှင့် ဦးမြင့်အောင်တို့၏ ရိုးရာအိုးလုပ်ငန်းများ ကြည့်ရှုအားပေးခဲ့ပြီး မြန်မာ့ရိုးရာလက်မှု လုပ်ငန်းမပပျောက်စေရေး အားပေးမြှင့်တင်သွားရန်၊ စမ်းသစ်တီထွင်မှုများ ဆောင်ရွက်ရန်နှင့် ချေးငွေရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)