မြစ်ကြီးနားမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာထုတ်ပြန်နိုင်ရေး တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာထုတ်ပြန်နိုင်ရေး တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်



မြစ်ကြီးနား  ၊ နိုဝင်ဘာ ၁၃


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့နယ်စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ နိုဝင်ဘာ ၁၁ ရက် နံနက် ၉ နာရီက ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာထုတ်ပြန်နိုင်ရေး တိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့‌ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ၊ ကော်မရှင်အရာရှိများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စွာထုတ်ပြန်နိုင်ရေး စိစစ်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)