တံတားဦးမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထားရာတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး စိစစ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တံတားဦးမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထားရာတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး စိစစ်ဆောင်ရွက်



တံတားဦး  ၊ နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထားရာတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး စိစစ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာသို့ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့်တာဝန်ရှိသူများ၊ တံတားဦးမြို့နယ်  စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် သက်ဆိုင်ရာပါတီများမှ ကိုယ်စားလှယ်လောင်းများ၊ ရပ်ကွက်၊ ကျေးရွာများမှ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ တက်ရောက်ကြသည်။

ထိုသို့ ရပ်ကွက်၊ ကျေးရွာများမှ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၏ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးဆောင်ရွက်ရာတွင် တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းက ဒုတိယအကြိမ်အဖြစ် မဲစာရင်းများမကြေငြာခင်ကာလအတွင်း မဲစာရင်းများမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ပါရှိရေး၊ သေဆုံး၊ ခရီးလွန်၊ မြေပြင်မရှိ၊ ထောင်ကျ၊ သာသနာ့ဝင်များ မပါဝင်ရေးတို့ကို အလေးထားဆောင်ရွက်ရန် အရေးကြီးကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

တံတားဦးမြို့နယ်အနေဖြင့် ရပ်ကွက်(ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၄) အုပ်စု စုစုပေါင်း (၆၄) အုပ်စုရှိရာ  နယ်မြေအခြေအနေအရ ရွေးကောက်ပွဲ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်သော ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၀) ၏ မဲစာရင်းများအား ယနေ့မှစတင်၍ တစ်ရက်လျှင် (၁၀) အုပ်စုတို့အား မဲစာရင်းမှန်ကန်ရေး စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း  ထို့အပြင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ၂၀၂၅ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၅) ရက်နေ့မှ စတင်ပြီး ကျေးရွာအုပ်စုများတွင် ကြေငြာထားဖြစ်ကြောင်းနှင့် တံတားဦး မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီ (၅) ခုရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်မွန်မွန်မြင့်ထံမှ သိရသည်။

ရဲတင့်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)