ယူကရိန်းကို လက်နက်တွေ၊ ပိုက်ဆံတွေ ပေးရုံနဲ့ စစ်နိုင်မယ်လို့ တွေးထားရင် ဟာသ ပဲလို့ ကန်ဒုသမ္မတဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းကို လက်နက်တွေ၊ ပိုက်ဆံတွေ ပေးရုံနဲ့ စစ်နိုင်မယ်လို့ တွေးထားရင် ဟာသ ပဲလို့ ကန်ဒုသမ္မတဆို


နိုဝင်ဘာ - ၂၃ ( တနင်္ဂနွေနေ့ ) 

အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ် က ယူကရိန်းပဋိပက္ခဖြေရှင်းရေးနဲ့ပတ်သက်လို့ ဝါရှင်တန်အစိုးရရဲ့အစီအစဉ်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ ရုရှားအပေါ်  ဖိအားများတိုးလာအောင်လုပ်ခြင်းက စစ်မြေပြင်အခြေအနေကို ပြောင်းလဲစေနိုင်တယ်ဆိုပြီး ရီပါပလင်ကင်တွေရဲ့ ပြောဆိုမှုကို ခုခံလိုက်တာပဲဖြစ်ပါတယ်။ 

သောကြာနေ့တုန်းက အထက်လွှတ်တော် ရီပတ်ဘလီကန်ခေါင်းဆောင်ဟောင်း မစ်မက်ကောနယ် က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ တင်သွင်းအဆိုပြုခဲ့တဲ့ ယူကရိန်း- ရုရှား ပဋိပက္ခ ဖြေရှင်းရေး က အမေရိကန်အကျိုးစီပွားကိုထိခိုက်စေနိုင်တယ် ဆိုပြီး သူ့ရဲ့ အိတ်စ်မီဒီယာအကောင့်မှာ ရေးတင်ခဲ့ပါတယ်။ 

အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီမှ အကြီးတန်း ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျင်နီရှာဟန် က "လက်ရှိ အိမ်ဖြူတော်က ထုတ်ပေးတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ဆိုတာ ယူကရိန်းအတွက် [ရုရှားသမ္မတ ဗလာဒီမာ] ပူတင်ရဲ့ အစီအစဉ်ပဲ" ဆိုပြီ CNN သို့ ပြောကြားခဲ့ပါတယ်။  အိမ်ဖြူတော်က ရုရှားရဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အရှိန်မြှင့်ကာလုပ်ဆောင်နေမဲ့အစား ယူကရိန်းကို တာဝေးပစ်လက်နက်များ ပံ့ပိုးပေးတာက ပိုမှန်တယ်ဆိုပြီး ပြောသွားတယ်။ 

"ငြိမ်းချမ်းရေးမူဘောင်အပေါ် ဝေဖန်မှုတိုင်းက အုပ်ချုပ်ရေးမူဘောင်ကို နားလည်မှုလွဲခြင်း သို့မဟုတ် လက်တွေ့နဲ့ ကင်းလွတ်နေတဲ့ အယူအဆတွေပါ" လို့ ဗန့်စ်က မနေ့က သူ့ရဲ့ အကောင့်မှာ ရေးတင်ခဲ့ပါတယ်။ 

"ကျနော်တို့က ယူကရိန်းကို ပိုက်ဆံများများပေး၊ လက်နက်တွေထုတ်ပေး ဒါမှမဟုတ် ရုရှားကို ဒဏ်ခတ်အရေးယူမှုတွေ များများလုပ်ပေးလိုက်ရင် အောင်ပွဲရမယ်လို့ ထင်နေတယ်ဆိုရင် အဲ့ဒါက စိတ်ကူးယဉ်မှု သက်သက်သာဖြစ်ပါတယ်။ ခင်ဗျားတို့ကိုပြောပြမယ် လက်တွေ့ကမ္ဘာမှာ နေထိုင်တဲ့သူတွေက ဉာဏ်ကောင်းမှ ဖြစ်မှာဗျ။ စိတ်ကူးယဉ်သမားတွေ လုပ်နေတာက မအောင်မြင်တဲ့ သံတမန်ရေးတွေ၊ မအောင်မြင်တဲ့ နိုင်ငံရေးတွေကိုပဲ ရမှာပါ" လို့ပြောသွားပါတယ်။ 

လက်ရှိက အမေရိကန်အစိုးရဘက်တင်ပြတဲ့ အစီအစဉ်မှာ တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမဲ့ မီဒီယာများကမူ ရုရှားရဲ့သဘောထားဖြစ်တဲ့ ဒွန်ဘားစ်ဒေသက ယူကရိန်း တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းရန်၊ ယူကရိန်း စစ်တပ်ကို လျှော့ချရန် နဲ့ အနောက်နိုင်ငံတွေရဲ့ လုံခြုံရေးအာမခံချက်ဖြင့် နေတိုးအဖွဲ့ဝင်လိုတဲ့ ဆန္ဒကို စွန့်လွှတ်ရန် ဆိုတာတွေကို ဖော်ပြနေပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)