ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်သုံးဆင့်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရိပ်သာမှာ နိုဝင်ဘာ ၂၄ရက်၊ ယနေ့မနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီ လူထုတွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် မဲဆန္ဒနယ်အမှတ်(၁) အချိုးကျကိုယ်စားပြု(PR)စနစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများဖြစ်သည့် ဦးမြင့်ကြိုင်၊ ဦးအောင်တင်မြင့်နှင့် ဦးပြုံးချို၊ မဲဆန္ဒနယ်အမှတ်(၂)မဲအများဆုံးရသူ အနိုင်ယူ( FPTP)စနစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နွယ်နွယ်ဦးနှင့် ( FPTP)စနစ်ဖြင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအေးကျော်တို့က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဒေသခံပြည်သူလုထု အင်အား (၁၂၀၀) ခန့် တက်ရောက်ခဲ့ပြီး လာမဲ့ ရွေးကောက်ပွဲကိုတော့ ပြည်ခိုင်ဖြိုးပါတီက ဧရာဝတီတိုင်းဒေသကြီးမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း (၉၂) ယောက် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း သိရသည်။
#News #2025Election








ليست هناك تعليقات:
إرسال تعليق