ကလောမြို့၌မဲရုံမှူးနှင့်ဒုတိယမဲရုံးမှူးလုပ်ငန်းလမ်းညွှန်ဆိုင်ရာသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကလောမြို့၌မဲရုံမှူးနှင့်ဒုတိယမဲရုံးမှူးလုပ်ငန်းလမ်းညွှန်ဆိုင်ရာသင်တန်းဖွင့်လှစ်

 


ကလော  ၊  နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း ကလောခရိုင် ကလောမြို့တွင်၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးလုပ်ငန်းလမ်းညွှန်ဆိုင်ရာ သင်တန်းကို နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ကလောမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဦးစီးအရာရှိ ဒေါ်ဥမ္မာဦး က မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းလမ်းညွှန်ချက်များ၊ မဲပေးစက်ဆိုင်ရာလုပ်ငန်းစဥ်များကို စာတွေ့၊ လက်တွေ့ရှင်းလင်းပို့ချပေးရာ တက်ရောက်လာကြသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအဖြစ်တာဝန်ယူကြမည့် ဆရာ/ဆရာမသင်တန်းသား/သင်တန်းသူများမှ သိရှိလိုသည့်အချက်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်းနှင့် သင်တန်းကာလမှာ နိုဝင်ဘာ (၂၆) ရက်မှ နိုဝင်ဘာ (၂၇) ရက်အထိ သင်တန်းသား/သင်တန်းသူ (၁၃၆)ဦးတက်ရောက်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)