Pages

Pages

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်ဗိုလ်တထောင်မြို့နယ်ရှိ ရပ်ကွက်များမှ ပါတီတာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ




ရန်ကုန်၊ နိုဝင်ဘာ ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် ဦးမောင်မြင့် သည် ဗိုလ်တထောင်မြို့နယ်ရှိ ရပ်ကွက်များမှ ပါတီတာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းကို ယမန့်နေ့ ၂၀ ရက်နေ့ ကြာသပတေးနေ့ နံနက် (၁၀) နာရီ အချိန်က ဗိုလ်တထောင်မြို့နယ် ပါတီရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံရာသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့် ၊ ဗိုလ်တထောင်ခရိုင် ပါတီ ဥက္ကဋ္ဌ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဉာဏ်ဝင်းထိုက်၊ အမျိုးသားလွှတ်တော် (PR) ကိုယ်စားလှယ်လောင်း ဦးတင့်ဇော်၊ အမျိုးသားလွှတ်တော် (FPTP) ကိုယ်စားလှယ်လောင်း ဥိးဝင်းလှိုင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း (FPTP ) ဦးအောင်မိုးကျော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း (PR) ဦလှဝင်းမောင်၊ ရပ်ကွက်များမှ ပါတီတာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများ၊ လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق