ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတမြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာမျိုးစေ့နှင့် မျိုးစေ့ချကိရိယာပေးအပ်ပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတမြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာမျိုးစေ့နှင့် မျိုးစေ့ချကိရိယာပေးအပ်ပွဲတက်ရောက်





ဟင်္သာတ၊ နိုဝင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး၊ တိုင်း‌ဒေသကြီးလူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တိုင်းဒေသကြီး လမ်းပန်း‌ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်စန်းချစ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းက ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သော ဟင်္သာတခရိုင်/မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံဆောင်းနေကြာမျိုးစေ့နှင့် မျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် စီမံကိန်းလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရာတွင်  နေကြာမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်း၊ ဧကပြည့်မီ၍ အချိန်မီပြီးစီးစေရန် လိုအပ်ချက်များလည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပဲပုပ်နှင့်အခြားဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးစေလိုကြောင်း၊ တောင်သူများအနေဖြင့် သန့်စင်သောနေကြာမျိုးများစိုက်ပျိုးခြင်းဖြင့်အထွက်ကောင်း၍ စံချိန် စံညွှန်းများပြည့်မီစွာ ရရှိမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဆီထွက်သီးနှံ ဆောင်းနေကြာမျိုးစေ့များနှင့် မျိုးစေ့ချကိရိယာ(Drum Seeder)များအား  တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ကျေးရွာအုပ်စုများမှ တောင်သူကိုယ်စားလှယ်များက  လက်ခံယူသည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့်ပြိုကျသွားသော ကမ်းပြိုမှုများနှင့် ကမ်းပြိုကမ်းစားမှုများအား ပြန်လည်ထိန်းသိမ်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် ခရိုင်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမျိုးဝင်းတို့က ကမ်းပြိုကမ်းစားမှုများအား ပြန်လည်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)