နိုဝင်ဘာ - ၂၄ ( တနင်္လာနေ့ )
မကြာသေးမီရက်များအတွင်း မြေပြိုမှုများနှင့် ရေကြီးရေလျှံမှုများကြောင့် ဗီယက်နမ်တွင် လူပေါင်း ၁၀၀ ကျော် သေဆုံးဖွယ်ရှိကြောင်း ဗီယက်နမ် ဆည်စီမံခန့်ခွဲရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ထိန်းချုပ်ရေးဌာနမှ ပြောကြားခဲ့ပါတယ်။
ဗီယက်နမ် အလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင်ဖြစ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် အတည်ပြုထားသော သေဆုံးသူ ၉၁ ဦးအပါအဝင် ဒီနေ့အထိ အနည်းဆုံး လူ ၁၀၂ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးနေကြောင်း ဗီယက်နမ် အေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။
စုစုပေါင်း အိမ်ခြေ ၂သိန်းကျော် ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရပြီး အများစုကတော့ ဒါလက်ခရိုင်တွင်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောပါတယ်။ ရေကြီးမှုကြောင့် စပါးစိုက်ခင်း ၃၁၇ စတုရန်းမိုင်ခန့် ပျက်စီးခဲ့ပြီး နှစ်ရှည်သီးနှံ ၄၅၂ စတုရန်းမိုင်ခန့်လည်း ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောပါတယ်။ ထို့အပြင် မွေးမြူရေး တိရစ္ဆာန် ၃.၃ သန်းခန့်လည်းရေထဲမျောပါပြီး ဆုံးရှုံးခဲ့ရပါတယ်။
ရေကြီးမှုကြောင့် အဝေးပြေးလမ်းမကြီးများနှင့် အခြားလမ်းများ ရေတိုက်စားခံရမှုများ ဖြစ်ပေါ်ခဲ့ပြီး ကာလကြာရှည်စွာ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ခဲ့ရသလို လူဦးရေ ၁.၁ သန်းခန့်က လျှပ်စစ်မီးမရခဲ့ပါဘူး။
ရေကြီးရေလျှံမှုကြောင့် နိုင်ငံတစ်ဝှမ်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၉၆ သန်းခန့်ရှိကြောင်း အစိုးရက ခန့်မှန်းထားပါတယ်။
REF: UPI
#News #International #Vietnam



ليست هناك تعليقات:
إرسال تعليق