အဓမ္မဝါဒဖော်ထုတ်သူ ဆရာဦးအောင်မြိုင်၊ ဆရာဦးအောင်အောင်ဇော် တို့အား ဂုဏဝိသိဌသဘာဂုဏ်ပြုသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

အဓမ္မဝါဒဖော်ထုတ်သူ ဆရာဦးအောင်မြိုင်၊ ဆရာဦးအောင်အောင်ဇော် တို့အား ဂုဏဝိသိဌသဘာဂုဏ်ပြုသွားမည်





ရန်ကုန်၊ နိုဝင်ဘာ ၁၅

အဓမ္မဝါဒဖော်ထုတ်သူ ဆရာဦးအောင်မြိုင်၊ ဆရာဦးအောင်အောင်ဇော် တို့အား ဂု‌ဏဝိသိဌသဘာဂုဏ်ပြုပွဲ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ၁၅.၁၁.၂၀၂၅ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မကွေးပရိယတ္တိစာသင်တိုက်၊ အနော်ရထာလမ်း၊အမှတ်(၁)ရပ်ကွက်တွင် ကျင်းပခဲ့သည်။

ဂု‌ဏဝိသိဌသဘာဂုဏ်ပြုပွဲ အခမ်းအနားကို ၃၀.၁၁.၂၀၂၅(တနဂ်နွေနေ့)တွင်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓမြတ်စွာသာသနာသတော်မြတ်ကြီး အဓွန့်ရှည်ကြာတည်တံ့ခိုင်မြဲစေရန် ရည်သန်၍လည်းကောင်း၊ အဓမ္မဝါဒများ မထွန်းကားစေရန်ရည်သန်၍လည်းကောင်း ထိုအဓမ္မဝါဒများကို အကြိမ်ကြိမ်တွန်းလှန် တိုက်ဖျက်သောအောင်မြိုင်မစိုးရိမ်စာသင်သားနှင့် အောင်အောင်ဇော်(လှိုင်သာယာ)တို့ကို ဂုဏဝိသိဌသဘာဂုဏ်ပြုသွားမည်ဖြစ်ပါ၍ မည်သူမဆိုပါဝင်လှူဒါန်းနိုင်ပါရန် ဆရာတော်ဦးပါမောက္ခက နှိုးဆော်ထားသည်။

အဆိုပါ ဂုဏ်ပြုပွဲအတွက် ဦးပါမောက္ခ(မကွေးကျောင်းဆရာတော်)မှ (၅၀၀၀၀၀၀)သိန်းငါးဆယ် မတည်ထားပြီး၊ ဦးနေမိန္ဒ(မာဂရီသာစည်)ဆရာတော်မှ(၃၀၀၀၀၀)သုံးသိန်းကျပ်၊ ဦးတင်လင်းထိုက်နှင့် ဇနီးမှ(၂၀၀၀၀၀၀)သိန်းနှစ်ဆယ်ကျပ်၊ ကိုအကြီးကောင်(မျိုးချစ်သွေးဓမ္မကွန်ရက်)မှ (၂၀၀၀၀၀၀)သိန်းနှစ်ဆယ်ကျပ်၊ ဦးအောင်ဟိန်း+ဒေါ်မေဇွန်မြင့်(လားရှိူး)မှ (၁၀၀၀၀၀၀)ဆယ်သိန်းကျပ်၊ ဦးရာဇာလင်းမှ (၁၀၀၀၀၀)တစ်သိန်းကျပ် ထည့်ဝင်လှူဒါန်းထားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)