နိုဝင်ဘာ - ၁၀
စီးပွားရေး မတည်ငြိမ်မှုများ၊ ရာသီဥတု ဖောက်ပြန်မှုများ နဲ့ ကြီးထွားလာနေတဲ့ စားနပ်ရိက္ခာ မလုံခြုံမှုတို့ကို ကမ္ဘာကြီးက ရင်ဆိုင်နေရတာကို ရည်ညွှန်းပြီး လာအိုနိုင်ငံက ၄၅ နှစ်မြောက် ကမ္ဘာ့စားနပ်ရိက္ခာနေ့ နဲ့ ၃၃ ကြိမ်မြောက် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အမျိုးသား ရက်သတ္တပတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ အစိုးရက ပြည်သူကို ငတ်မွတ်မှုအဆုံးသတ်ရေးအတွက် အဆုံးသတ်ပေးမယ်လို့ ကတိပြု သတင်းစကားပါးလိုက်ပါတယ်။
စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များနှင့် ပုဂ္ဂလိကလုပ်ငန်းများတို့အကြား ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုဖြင့် လာအိုနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍ ကို ဆက်လက်တိုးတက်စေမှာပါလို့ ဆိုပါတယ်။
တရားဝင်ကိန်းဂဏန်းများအရ ဆန်၊ အသား၊ ဥနှင့် ငါးများ အပါအဝင် အဓိက စားသောက်ကုန်များ ထုတ်လုပ်မှု သည် ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းရန် လုံလောက်မှုရှိနေပါတယ်လို့ ဆိုထားပြီး စိုက်ပျိုးရေးနှင့် သစ်တော တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁.၅၄ ဘီလီယံ ကျော်လွန်ခဲ့တယ်လို့ ဆိုပါတယ်။
အစိုးရအနေဖြင့် ခေတ်မီစိမ်းလန်းပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တစ်ရပ်ကို ဆက်လက်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း ကတိပြုကာ ပေါင်းစည်းလယ်ယာ၊ ပိုမိုကောင်းမွန်သော အခြေခံအဆောက်အအုံနှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှုတို့ကို ထိရောက်စွာ စီမံဆောင်ရွက်သွားပါမယ်လို့ ဆိုပါတယ်။
အခမ်းအနားတွင် စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ လင်ခမ်ဒူအောင်ဆဗန် က ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးသည် မူဝါဒချမှတ်သူများနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများမှ ပြည်တွင်းတောင်သူလယ်သမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များအထိ ကဏ္ဍအားလုံး၏ စုပေါင်းအားထုတ်မှု လိုအပ်သည့် အမျိုးသားဦးစားပေးလုပ်ငန်းဖြစ်ကြောင်း နဲ့ ဘေးကင်းသော စားနပ်ရိက္ခာ ထောက်ပံ့မှုနှင့် အရည်အသွေးမြင့် လယ်ယာထွက်ကုန်များ တင်ပို့နိုင်ရေးအတွက် သန့်ရှင်းပြီး ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသွားပါတယ်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဆွန်နက်ဆေး ဆီဖန်ဒုံ နှင့် အခြားအကြီးတန်းအရာရှိများ တက်ရောက်ခဲ့ပါတယ်။
REF: Vientiane Times
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق