နိုဝင်ဘာ - ၁၄ ( သောကြာနေ့ )
ပြီးခဲ့တဲ့ သီတင်းပတ်က ဂျပန်ဝန်ကြီးချုပ်သစ် ဆာနေးတာကိုင်ချီက ဂျပန်ပါလီမန်တွင် မိန့်ခွန်းပြောတဲ့ နေရာမှာ ထိုင်ဝမ်ကျွန်းကို စစ်အင်အားသုံးပြီး တိုက်ခိုက်မယ်ဆိုရင် ထိုင်ဝမ်ကျွန်းကို ကာကွယ်ဖို့အတွက် ဂျပန်နိုင်ငံက စစ်တပ်တွေကို ပို့ရလိမ့်မယ်လို့ဆိုတဲ့ စကားပါသွားပါတယ်။
အဲ့ဒါနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးကို ခေါ်ယူပြီး သတိပေးမှုတွေကို လုပ်ခဲ့ပါတယ်။ အဲ့ဒိအကြောင်းကိုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး ဆွန်ဝီဒေါင်က "ဂျပန်ဝန်ကြီးချုပ် ရဲ့ မှားယွင်းသော မှတ်ချက်စကားများကို တရုတ်နိုင်ငံက ပြင်းထန်စွာ ရှုတ်ချကြောင်း နဲ့ မည်သူမဆို တရုတ်နိုင်ငံ၏ စည်းလုံးညီညွတ်ရေး အကြောင်းရင်းကို မည်သည့်ပုံစံဖြင့် ဝင်ရောက်စွက်ဖက်ဝံ့ပါက တရုတ်နိုင်ငံသည် သေချာပေါက် ပြင်းပြင်းထန်ထန် တုံ့ပြန်မှာ ဖြစ်ကြောင်း" ဆိုလိုက်ပါတယ်။
အဲ့ဒိလို တရုတ်နဲ့ ဂျပန်ဆက်ဆံရေး တင်းမာမှု ဖြစ်နေချိန်မှာပဲ အမေရိကန်က ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်း ကန်ဒေါ်လာ သန်း ၃၃၀ ဖိုးရောင်းချမယ့်စာချုပ်ကို သဘောတူလိုက်တဲ့အတွက် ထိုင်ဝမ်ပြဿနာက တင်းမာမှုတွေ ပိုမိုပြင်းထန်လာနေပါတယ်။
ဆာနေးရဲ့ပါလီမန်ပြောကြားချက်မှာ "ထိုင်ဝမ်ကို စစ်အင်အားသုံးပြီးချုပ်ကိုင်နိုင်ဖို့ ကြိုးစားခြင်းက ဂျပန်နိုင်ငံရဲ့ ရှင်သန်မှုကို ခြိမ်းခြောက်တာနဲ့ တူနေတာဖြစ်လို့ ဘယ်လိုအနေအထားမဆို အဲ့ဒိလိုမျိုး မဖြစ်အောင် ရှင်းလင်းပစ်ရမယ်" လို့ ဆိုတဲ့ စကားလည်း ပါပါတယ်။
ထိုင်ဝမ်က တရုတ်ရဲ့ ပိုင်နက်အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဘေဂျင်းက အခိုင်အမာပြောဆိုထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို သိမ်းပိုက်ရန် အင်အားအသုံးပြုမှုကို မလုပ်ဘူးလို့လည်း ဆိုထားပါတယ်။
ထိုင်ဝမ်အစိုးရက တရုတ်နဲ့ ပြန်မပေါင်းဘူးဆိုတဲ့ ရပ်တည်ချက်က မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေပါက ၁၉၇၂ ခုနှစ် ဂျပန်-တရုတ် ပူးတွဲကြေညာချက်အတိုင်း ခွဲထွက်ပြီးနေလိုက နေခွင့်ရှိကြောင်းဆိုတာ နဲ့ ကိုက်ညီကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် မီနိုရူကီဟာရာက ဒီကနေ့ ပြောသွားပါတယ်။
REF: Jakata Post
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق