Pages

Pages

တနင်္ဂနွေနေ့မှာ နေမုန်တိုင်း က အလင်းတွေ ကမ္ဘာကိုရောက်မယ်လို့ ဆို


ရုရှားသိပ္ပံအကယ်ဒမီရဲ့ အာကာသသုတေသနဌာနအဆိုအရ တနင်္ဂနွေနေ့မှာ ကမ္ဘာမြေပေါ်သို့ လွန်ခဲ့တဲ့  နာရီလေးဆယ်ကျော်က နေလုံးကြီးပေါ်မှာ ဖြစ်ခဲ့တဲ့ နေမုန်တိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ အလင်းရောင်တွေ ကျရောက်မယ်လို့ သိရပါတယ်။ အခုဖြစ်ပေါ်နေတဲ့ နေမုန်တိုင်းက လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ဒုတိယ အပြင်းထန်ဆုံးလို့ နိုင်ငံအများအပြားမှ သိပ္ပံပညာရှင်များက သတ်မှတ်ခဲ့ပါတယ်။ သဘာဝဖြစ်စဉ်သည် မြောက်ယဉ်စွန်းတန်းမှာရှိတဲ့ ရောင်စုံအလင်းတွေကို ပိုပြီး တောက်ပရွန်းစိုစေမှာပါ။ 

သောကြာနေ့က ထုတ်ပြန်ချက်မှာ ကြီးမားသော နေရောင်ခြည်မီးတောက်တစ်ခုကို အဲ့ဒိနေ့အစောပိုင်းတွင် တွေ့ရှိခဲ့တယ်လို့ ပါရှိပါတယ်။ အဲ့ဒီအဖြစ်အပျက်ဟာ အစောပိုင်းနှစ်ရက်လောက်က ပိုလို့တောင် ပြင်းထန်တဲ့ ပေါက်ကွဲအားကို ဖြစ်ပေါ်စေခဲ့တဲ့ တူညီတဲ့ ဧရိယာကနေ စတင်ခဲ့တာပါ။ ယင်းဖြစ်ရပ်သည် ၂၀၂၄ ခုနှစ် မေလနောက်ပိုင်း အပြင်းထန်ဆုံး ဆိုလာမုန်တိုင်း နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။ 

ရုရှားသိပ္ပံပညာရှင်များကတော့ "နေမုန်တိုင်းကြောင့်ဖြစ်တဲ့ အလင်းတန်းတွေက အန္တရာယ် မဖြစ်စေနိုင်ဘူးလို့ ဆိုလို့ရပေမဲ့ နေလုံးကြီးမှာ အဲ့လိုပေါက်ကွဲမှုတွေက မီးတောင်တွေပေါက်သလိုမျိုး ခဏခဏ ဖြစ်နေတာကို တွေ့နေရပါတယ်” လိုဆိုသွားပါတယ်။ 

သီးခြားထုတ်ပြန်ချက်တစ်ခုမှာတော့ NOAA မုန်တိုင်းစကေးတွင် ပြင်းထန်မှု G 4.7 အဆင့်သို့ ရောက်ရှိခဲ့ပြီး 42 နာရီခန့် ကြာမြင့်ခဲ့ကြောင်း အာကာသသုတေသနဌာနမှ ခန့်မှန်းထားပါတယ်။ အမေရိကန်အမျိုးသား သမုဒ္ဒရာ နဲ့ လေထုဆိုင်ရာ အာဏါပိုင်အဖွဲ့ က အဆိုပါ မုန်တိုင်းများအတွက် နိုင်ငံတကာ အသိအမှတ်ပြု တိုင်းတာသည့် စနစ်ဖြစ်ပြီး G5 သည် "အလွန်အမင်း" ဖြစ်ရပ်ကို ရည်ညွှန်းတဲ့အမြင့်ဆုံး စကေးဖြစ်ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق