Pages

Pages

ကော့မှူးမြို့နယ်တွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး



ကော့မှူး ၊  နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ‌ကြေညာထားမှုကို ယမန်နေ့မွန်းလွဲ ၃ နာရီက တာဝန်ရှိသူများက လိုက်လံကွင်းဆင်း၍ စစ်ဆေးလျက်ရှိကြောင်း သိရသည်။  

ထိုသို့ကွင်းဆင်းစစ်‌ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များက တကူပုံကျေးရွာ၊ ငှက်အော်စမ်းကျေးရွာ၊ တလုထ္ထော်ကျေးရွာတို့တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေး​ခြင်းများ‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။     

ဆက်လက်၍ တာဝန်ရှိသူများကမဲရုံများ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါကြောင်း သိရသည်။


 ကျော်သူရ(ကော့မှူး)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق