ဒဂုံမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေး




ဒဂုံ  ၊ နိုဝင်ဘာ ၂၁


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ခွဲ) ရန်ကုန်မှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်း (အစားအသောက်) ဦးဆောင်သောအဖွဲ့၊ ဒဂုံမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီဝင်များဖြစ်သော ဒေါက်တာရွှေပြည် (TMO) နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ အခွန်လွတ်ဈေးတွင် ရောင်းချနေသည့်အစားအသောက်နမူနာ (၂၀) ခုအား  စစ်ဆေးခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင် အစားအသောက်နမူနာများအား သက်ဆိုင်ရာဌာနများက ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကျော်သူဟိန်း 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)