ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၉) သို့ တက်ရောက်မည့် သင်တန်းသားများအား အားပေးစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၉) သို့ တက်ရောက်မည့် သင်တန်းသားများအား အားပေးစကားပြောကြား

 



ဘားအံ  ၊ နိုဝင်ဘာ ၁၅

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၉) (၁၁/၂၀၂၅) သို့ တက်ရောက်မည့် သင်တန်းသားများအား သင်တန်းကျောင်းသို့ မပို့ဆောင်မီ အားပေးစကားပြောကြားခြင်းနှင့် ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် (၂၀၁)၊ ခြေမြန်တပ်ရင်း စစ်သည်ခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ကရင်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက “သင်တန်းသားများအနေဖြင့် သင်တန်း‌ကျောင်းမှ သင်ကြားပေးသော စစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေးစွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများ ဖြစ်လာဖို့အတွက် အားထုတ်ဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်း၊  ဒို့နိုင်ငံရဲ့ သမိုင်းကြောင်းပထဝီနိုင်ငံရေးအရ တည်ရှိမှု၊ ကာကွယ်ရေး စွမ်းပကားမြင့်မားရန် လိုအပ်မှု၊ ကျင့်သုံးနေတဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ဟန်ချက်ညီပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်မှုနှင့် ပြည်သူလူထုရဲ့ မျိုးချစ် စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်များ ပိုမိုရှင်သန်မြင့်မားလာစေရေး နိုင်ငံသားတိုင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်စေရေးနဲ့ ဒို့တာဝန်အရေး(၃)ပါးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့အတွက် ရေရှည်မျှော်တွေးပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့မှာ အာဏာတည်စေခဲ့ပြီးဖြစ်ကြောင်း၊ စစ်မှုထမ်းဥပဒေရဲ့ တကယ့်အနှစ်သာရက နိုင်ငံသားအားလုံးဟာ မိမိနိုင်ငံကို ကာကွယ်ဖို့အတွက် တာဝန်ရှိကြောင်း၊ လိုအပ်ရင် စစ်မှုထမ်းဆောင်ရမယ်၊ နိုင်ငံတော်ကာကွယ် ရေး အတတ်ပညာတွေ တတ်ရမယ်ဆိုတဲ့ အသိစိတ်ဓာတ်ရှိအောင် ပြဋ္ဌာန်းထားရှိတာပဲဖြစ်ကြောင်း၊ ပြည်သူတစ်ယောက်မှ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဝင်ရောက်ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးတစ်ခုလုံးနှင့် နိုင်ငံသူ/နိုင်ငံသားအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသော တပ်မတော်ကို ပြည်သူများအနေဖြင့် ပူးပေါင်းကူညီရမည်ဖြစ်ကြောင်း၊ အနာဂါတ်ကာလတွင်လည်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ‌ရေးဟူသည့် ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့မှ အတူတကွ ပူးပေါင်း၍ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၉)သို့ တက်ရောက်မည့် သင်တန်းသား(၅၁)ဦးအား တစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၅၁)သိန်းအား ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)