နာဂဒေသ လေရှီးမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နာဂဒေသ လေရှီးမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်


လေရှီး၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၀-၁၁-၂၀၂၅ ရက်နေ့က လေရှီးမြို့၊ အထကကျောင်း၊ သီတဂူဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ ဦးချစ်‌ဆွေက သင်တန်းအဖွင့် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်‌ကော်မရှင်အရာရှိ ဦးဇားပေါ့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်စပ်လင်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းဌေးက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်သွားကြရန် ရှင်းလင်းမှာကြားမှုနှင့်အတူ အခမ်းအနား ပြီးမြောက်ခဲ့ပြီး အခမ်းအနားအပြီးတွင် သင်တန်းကို ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါသင်တန်းတွင် လေရှီးမြို့နယ်ရှိ မဲရုံ(၅၅)ရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး(၅၅) ဦး၊ ဒုမဲရုံမှူး(၅၅)ဦး စုစုပေါင်းသင်တန်းသား/သူ(၁၁၀) ဦးအား စာတွေ့လက်တွေ့သင်ကြားခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး မြို့နယ်‌‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြို့နယ် နည်းပညာအထောက်အကူပြု အဖွဲ့ဝင်များပါဝင်သော သင်တန်းနည်းပြဆရာ/မ (၈)ဖြင့်  (၁၀.၁၁.၂၀၂၅)ရက်နေ့မှ (၁၁.၁၁.၂၀၂၅)ရက်နေ့အထိ စာတွေ့လက်တွေ့ (၂)ရက်ကြာသင်ကြား ပို့ချပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)