Pages

Pages

အဖမ်းခံထားရတဲ့ ကဒါဖီရဲ့သား အခုတော့ လွတ်ပါပြီ


နိုဝင်ဘာ - ၁၂

ကွယ်လွန်သွားပြီဖြစ်တဲ့ လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီ ရဲ့ သား ဟန်နီဘော် ကဒါဖီကို လက်ဘနွန်အကျဉ်းထောင်တွင် ဆယ်စုနှစ်တစ်ခုကြာ တရားရုံး မတင်ဘဲ ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပါပြီ။ 

ကဒါဖီ ( ၄၉ နှစ်) ကို  စုံစမ်းစစ်ဆေးရေးတရားသူကြီး ဇာဟာ ဟာမာဒီ က ကနဦးသတ်မှတ်ထားတဲ့ အာမခံကြေးငွေ ကန်ဒေါ်လာ ၁၁ သန်း ကို လျှော့ပေးပြီး အာမခံကြေးအသစ် ကန်ဒေါ်လာ ၉ သိန်း အပြစ်ဒဏ် ပြန်ချခဲ့ရာ ကဒါဖီရဲ့ ရှေ့နေတွေက ပေးဆောင်ခဲ့လို့ လွတ်မြောက်သွားခဲ့ရပါတယ်။ 

လစ်ဗျားအာဏာပိုင်တွေက အဲ့ဒိအာမခံကြေးကို ပေးသွင်းခဲ့တယ်လို့  ဘယ်သူမှ အတည်မပြုကြသလို ကဒါဖီရဲ့ ခရီသွားခွင့်ပိတ်ပင်ခြင်းကိုလည်း ရုပ်သိမ်းပေးဖို့အတွက် ကဒါဖီရဲ့ ရှေ့နေတွေက တရားရုံးမှာ ပြင်းပြင်းထန်ထန် လျှောက်တင်ခဲ့ကြလို့ အဲ့ဒါလည်း အဆင်ပြေသွားပါတယ်။ 

ကဒါဖီက လစ်ဘနွန်ကနေ တောင်အာဖရိက ကို ပြောင်းမှာဖြစ်ပြီး သူ့လုံခြုံရေးနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ သတင်းမပေးခဲ့ပါဘူး။ လစ်ဗျားခေါင်းဆောင် သူ့ဖခင် ကဒါဖီ ဆန့်ကျင်အုံကြွမှုများအတွင်း ၂၀၁၁တုန်းက သူတို့မိသားစု လစ်ဗျားမှ ထွက်ပြေးလာကာ ဆီးရီးယားတွင် နေထိုင်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ သတင်းစာတိုက် တစ်ခုက အင်တာဗျူးလုပ်ချင်တယ်ဆိုပြီး ဖြားယောင်းခံရကာ လက်ဘနွန်နယ်စပ်အနီး မှာ လက်နက်ကိုင်များက ပြန်ပေးဆွဲသွားခဲ့တာပါ။ 

အဲ့ဒိလက်နက်ကိုင်တွေရဲ့ လက်ထဲကနေ ဒီဇင်ဘာလနှောင်းပိုင်းမှာ လက်ဘနွန်လုံခြုံရေးအာဏာပိုင်များက ကယ်တင်ပြီးနောက် ကဒါဖီအား ဖမ်းဆီးခဲ့ပြီး တရားသူကြီး ဟာမာဒီက ၎င်းအား ဖမ်းဝရမ်းထုတ်ပေးခဲ့တာပါ။ 


REF: UPI

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق