သန်လျင်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သန်လျင်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်း ဆောင်ရွက်




ရန်ကုန် ၊  နိုဝင်ဘာ ၁၁

သန်လျင်ခရိုင် သန်လျင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ငပကျေးရွာ အ.မ.က မူလွန်ကျောင်းနှင့် အ.မ.က သစ်စက်ကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဖွဲ့များနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား ကျောင်းသူများအား ကျန်းမာပျော်ရွှင်ပညာသင်ကြားနိုင်စေရန်အတွက် သွားနှင့် ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။


ဖြိုးသီဟ(သန်လျင်)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)