မြောက်ကိုရီးယား ဟက်ကာအဖွဲ့ လာဇရက်ကို ခရစ်ပတိုငွေကြေးဖောက်ထွင်းမှုအတွက် သံသယဖြစ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ကိုရီးယား ဟက်ကာအဖွဲ့ လာဇရက်ကို ခရစ်ပတိုငွေကြေးဖောက်ထွင်းမှုအတွက် သံသယဖြစ်နေ


နိုဝင်ဘာ - ၂၈ ( သောကြာနေ့ ) 

မကြာသေးမီက တောင်ကိုရီးယားရဲ့အကြီးဆုံး ခရစ်ပတိုငွေကြေး လဲလှယ်မှု Upbit မှ ဝမ် ၄၅ ဘီလီယံ (အမေရိကန်ဒေါ်လာ 30.6 သန်း) တန်ဖိုးရှိ ခရစ်ပတိုငေကြေးများ အဖောက်ခံလိုက်ရပါတယ်။ အဲ့ဒိဖောက်ထွင်းမှုရဲ့ နောက်ကွယ်တွင် မြောက်ကိုရီးယား ဟက်ကာအဖွဲ့ လာဇရက် ရှိနေတယ်လို့ သံသယရှိကြောင်း သတင်းရင်းမြစ်များက သောကြာနေ့တွင် ပြောကြားခဲ့ပါတယ်။ 

အစိုးရပိုင်းဆိုင်ရာ စီးပွားရေးသတင်းရင်းမြစ်များအရ အာဏာပိုင်များအနေနဲ့ လာဇရက်ကို စုံစမ်းစစ်ဆေးရန် စီစဉ်နေပါတယ်။ လာဇရက် ဟက်ကာအဖွဲ့ကို ၂၀၁၉တုန်းက Upbit မှ ဝမ် ၅၈ ဘီလီယံတန်ဖိုးရှိ အွန်းလိုင်းသုံးငွေကြေး( အီသာ)တွေ ကို ခိုးယူခဲ့တယ်လို့လည်း သံသယရှိခဲ့ပါတယ်။ အခု အဖောက်ခံလိုက်ရတဲ့ အချိန်မှာ အသုံးပြုတဲ့နည်းလမ်းတွေ ကလည်း ၂၀၁၉ ဖောက်ထွင်းမှု နဲ့ ဆင်တူကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ 

“ဟက်ကာတွေက ဆာဗာကို တိုက်ခိုက်မယ့်အစား အက်ဒမင်တွေရဲ့ အကောင့်တွေကို အပေးအယူလုပ်တာ ဒါမှမဟုတ် လွှဲပြောင်းမှုပြုလုပ်ဖို့အတွက် စီမံခန့်ခွဲသူတွေအဖြစ် ဟန်ဆောင်ထားခဲ့ကြပါတယ်” လို့  အစိုးရအရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။ 

နိုင်ငံခြားငွေပြတ်လပ်မှုတွေကြုံနေတဲ့ မြောက်ကိုရီးယားက ငွေရှာရန် ကြိုးပမ်းနေချိန်မှာ ဟက်ကာ ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ထားပါတယ်။ "ဒါဟာ လာဇရက် ရဲ့ နည်းပရိယာယ်ဖြစ်ပြီး တခြားသော ငွေလဲလှယ်နှုန်းတွေမှာ ပိုက်ဆံအိတ်တွေဆီ လွှဲပြောင်းပေးပြီး ငွေခဝါချဖို့ ကြိုးစားခြင်းဖြစ်ပါတယ်" လို့ လုံခြုံရေးအရာရှိတစ်ဦးက ပြောကြားပြီး အဆိုပါနည်းလမ်းတွေက အရောင်းအဝယ်ကို ခြေရာခံရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ 


REF: UPI

#News #International

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)