ကရင်ပြည်နယ် လူငယ်စင်တာ၌ ရက်ကန်းပညာဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် လူငယ်စင်တာ၌ ရက်ကန်းပညာဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်





ဘားအံ၊ နိုဝင်ဘာ ၁၇

လူတစ်ဦးချင်းစီ၏ အခြေခံအရည်အချင်းများကို ပြည့်မီစေပြီး အလုပ်အကိုင်အခွင့်အလမ်းများကို မြှင့်တင်နိုင်စေရန် ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သော ရက်ကန်းပညာဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ လူငယ်စင်တာ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဒစ်ဂျစ်တယ်ဗဟုသုတများ တိုးတက်အောင်သင်ယူ၍ နေ့စဉ်ဘဝအတွက် စွမ်းဆောင်နိုင်ရည်ကို မြှင့်တင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများအတွက် ယုံကြည်မှုနှင့်အနာဂတ်သင်ယူမှုတို့အတွက် အခြေခံအုတ်မြစ်ကိုတည်ဆောက်ရန် မိမိတို့ရရှိသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကြိုးစားသင်ယူကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကြူကြူလှိုင်က သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းကို ရက်ကန်းသင်တန်းမှ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်ကြပြီး ကွန်ပျူတာတက္ကသိုလ်မှ သင်တန်းနည်းပြဆရာမ (၃) ဦးက နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ရန်နှင့် ရက်ကန်းပညာတွင် ကွန်ပျူတာကိုအသုံးချတက်စေရန်  Computer hardware နှင့် Software ကိုနားလည်ခြင်းမှစတင်၍ word processing အခြေခံ application များကိုအသုံးပြုခြင်းထိ ရက်သတ္တပတ်နှစ်ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လူငယ်စင်တာကွန်ပျူတာခန်းမအတွင်း သင်တန်းနည်းပြများက သင်တန်းသား၊ သင်တန်းသူများအား သင်ကြားပို့ချပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လူငယ်စင်တာအတွင်း လိုက်လံကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)