Pages

Pages

ပန်းဘဲတန်းမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေငြာခြင်းမပြုမီ စီစစ်ရေးအဖွဲ့ဖြင့် မဲဆန္ဒရှင်စာရင်း စစ်ဆေးခြင်းများ ဆောင်‌‌ရွက်




ပန်းဘဲတန်း  ၊ နိုဝင်ဘာ ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ် ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲကာလအတွက်၊မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် မဲဆန္ဒရှင်စာရင်းများ၊ တိကျမှန်ကန်မှုရှိစေရေးအတွက် ဒုတိယအကြိမ် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ပန်းဘဲတန်းမြို့နယ်‌ ကော်မရှင်မဖွဲ့ခွဲရုံး၌ ယမန်နေ့နံနက်ပိုင်းက စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါမဲဆန္ဒရှင်လူဦးရေစာရင်းများ၊ ဒုတိယအကြိမ် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်မဲစာရင်းစိစစ်ရေးအဖွဲ့တွင် ပါဝင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပါဝင်သောအဖွဲ့များ​​​ဖြင့် ရပ်ကွက်/  ကျေးရွာအုပ်စုများအလိုက် မြေပြင်ရှိ လူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက်၊ တိုက်ဆိုင်စစ်ဆေးခြင်းများကို တိကျမှန်ကန်မှုရှိစေရန် စနစ်တကျ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဖြူဖြုဝင်း 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق