Pages

Pages

ပုဇွန်တောင်မြို့နယ်၌ အခြေခံပညာမူလတန်းအဆင့်နှင့်အလယ်တန်းအဆင့် သင်ကြား၊ သင်ယူမှု ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်း ပြုလုပ်



ပုဇွန်တောင်၊ နိုဝင်ဘာ  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊‌‌ ပုဇွန်တောင်မြို့နယ်၌  အခြေခံပညာမူလတန်းအဆင့် နှင့်အလယ်တန်းအဆင့် ဆရာ/ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင်  မြို့နယ်ပညာရေးမှူးရုံး တေဇခန်းမတွင် ကျင်းပခဲ့သည်။

ဖွင့်ပွဲအခမ်းအနား၌ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးခင်စိုးက အမှာစကားပြောကြားရာတွင်  မိမိတို့ မြို့နယ်အတွင်း တာ၀န်ထမ်းဆောင်နေကြသော ဆရာ/ဆရာမများအနေဖြင့် ဘာသာရပ်သင်ခန်းစာ များကို အမြဲမပြတ်လေ့လာနေကြရမည်ဖြစ်သည့်အတွက် ကျောင်းသား/ကျောင်းသူများ ပညာ သင်ကြားရေးတွင် ထိရောက်စွာသင်ကြားနိုင်ရန် ယခုကဲ့သို့ သင်တန်းများ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းတွင် နည်းပြ ၁၀  ဦးက သင်ကြားပို့ချမည်ဖြစ်ပြီး မူလတန်းအဆင့် ဆရာ/ဆရာမ ၃၅ ဦး နှင့် အလယ်တန်းအဆင့် ဆရာမ ၁၇ ဦး  တက်ရောက် သင်ယူမည်ဖြစ်ရာ သင်တန်းကာလမှာ နိုဝင်ဘာ  ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ သုံးရက်တာ ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။


ဟန်စုယဉ်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق