မဲဆန္ဒရှင်ပြည်သူတွေက ခိုင်းရမှာ ဖြစ်ပြီး ကိုယ်စားလှယ်များက အလုပ် လုပ်ပေးရမှာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲဆန္ဒရှင်ပြည်သူတွေက ခိုင်းရမှာ ဖြစ်ပြီး ကိုယ်စားလှယ်များက အလုပ် လုပ်ပေးရမှာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား






နေပြည်တော်၊ နိုဝင်ဘာ ၁၅

ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ က မဲဆန္ဒရှင် ပြည်သူများနဲ့ တွေ့ဆုံစဉ်မှာ မဲဆန္ဒရှင်ပြည်သူတွေက ခိုင်းရမှာ ဖြစ်ပြီး ကိုယ်စားလှယ်များက အလုပ် လုပ်ပေးရမှာဖြစ်ကြောင်း ရှင်းလင်းပြောဆိုသွားပါတယ်။

ဦးခင်ရီ က "ကျွန်တော့်ကို ရွေးတယ်ဆိုပါစို့။ ခင်ဗျားတို့က ကျွန်တော့်ကို ခိုင်းပါ။ အဲဒီလို တွက်ရမှာ။ ခင်ဗျားတို့က ကျွန်တော့်ကို ခိုင်းရမှာ။ ခင်ဗျားတို့အတွက် အလုပ် လုပ်ပေးရမှာ။ ဟုတ်တယ်မှတ်လား။ ဒီလိုဖြစ်ဖို့အတွက် အတွေ့အကြုံရှိတဲ့သူတွေကို မစဉ်းစားသင့်ဘူးလား။ တစ်ဖက်ကလည်း ပံ့ပိုးမယ့်အဖွဲ့အစည်းရှိတယ်။ ကဲ အဲဒါ ပြည့်စုံတာ ဘယ်အဖွဲ့အစည်းလဲ သိလား။ အတွေ့အကြုံရှိတဲ့သူတွေ ရှိတယ်။ သူ့နောက်မှာ ခိုင်မာတဲ့ အဖွဲ့အစည်းရှိတယ်။" ဟု ရှင်းလင်းပြောဆိုသည်။

ဦးခင်ရီသည် ဇေယျာသီရိမြို့နယ်၊ ပြည့်စံအောင်ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဦးခင်ရီသည် သူ၏ မဲဆန္ဒနယ်မြေဖြစ်သည့် ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်နှင့် အောင်သာကျေးရွာသို့ သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)