Pages

Pages

ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံမိတ်ဆက်







ရန်ကုန်၊ နိုဝင်ဘာ  ၂၄  

ရွှေပြည်သာမြို့နယ် အမှတ် (၂၄) ရပ်ကွက်၊ အမှတ်(၂၃) ရပ်ကွက်၊ ဝါးတရာကျေးရွာ၊ အမှတ် (၂၅) ရပ်ကွက်နှင့် အုတ်ဖိုကျေးရွာများရှိ ပြည်သူလူထုဆီသို့ ယမန်နေ့ က ပြည်ခိုင်ဖြိုးပါတီမှ ရွှေပြည်သာမြို့နယ်တွင် ဝင်ရောက်ရွေးချယ်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများမှ သွားရောက် တွေ့ဆုံမိတ်ဆက် စည်းရုံးဟောပြောခဲ့ကြောင်း သိရသည်။

တွေ့ဆုံမိတ်ဆက်ပွဲသို့ ကိုယ်စားလှယ်လောင်းများဖြစ်ကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန်းစန်းနွယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်ဝင်းသန့်(FPTP)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းနိုင်(FPTP)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲဆွေလှိုင်(PR)၊တို့နှင့် ရွှေပြည်သာမြို့နယ်အောင်နိုင်ရေးကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဌနှင့်ကော်မတီဝင်များ ဖိတ်ကြားထားသော မိဘပြည်သူမဲဆန္ဒရှင်များ တတ်ရောက်ခဲ့ကြပါသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်စန်းစန်းနွယ်မှ မိတ်ဆက်စကားပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကြေငြာစာတမ်းတွင် ပါရှိသော အာမခံချက်များ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများအား ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရဲဆွေလှိုင်(PR)မှ မဲဆန္ဒရှင်များ မဲစာရင်းပါရှိရေး၊ မဲပေးရမည့်ရက်နှင့် FPTP/PR မဲပေးပုံစနစ်များ၊ လူငယ်အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အရေးများ ဖော်ဆောင်ပေးနိုင်မည့် အစီအစဉ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း  ဦးဇော်ဝင်းသန့် (FPTP)မှ ပြည့်သူအာဏာသည် ပြည်သူလက်ထဲတွင်ရှိကြောင်း ပြည်သူများကိုယ်စား လိုအပ်ချက်များကိုတင်ပြပေးနိုင်မည့်သူများကို ပြည်သူများမှ သေချာစွာစိစစ်ရွေးချယ်ပေးကြရန် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခဲ့သည်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းနိုင်(FPTP)မှ ရွှေပြည်သာမြို့နယ်သည် အခြားမြို့နယ်များထက် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့၍ မိမိတို့အနေဖြင့် ရွှေပြည်သာမြို့နယ်ဖွံဖြိုးတိုးတတ်ရန်အတွက်လုပ်ဆောင်ပေးနိုင်ရန် ပြည်သူများမှ ဆန္ဒမဲပေးခြင်းဖြင့်ဝိုင်းဝန်းကူညီကြရန် မဲပေးရမည့်နေ့ရက်နှင့် မဲမည်သို့ပေးရမည်ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


#News #2025Election

ليست هناك تعليقات:

إرسال تعليق