အီးယူတောင်းတဲ့ စစ်စရိတ်ကို မထောက်ပံ့ပေးနိုင်ဘူးလို့ ဗြိတိန်ငြင်းလိုက်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီးယူတောင်းတဲ့ စစ်စရိတ်ကို မထောက်ပံ့ပေးနိုင်ဘူးလို့ ဗြိတိန်ငြင်းလိုက်ပြီ


နိုဝင်ဘာ - ၁၃ ( ကြာသပတေးနေ့ ) 

ရုရှားနိုင်ငံရဲ့ ခြိမ်းခြောက်မှုကို ဟန့်တားရန်အတွက် ဥရောပမှာ တပ်ဆင်ဖို့လိုအပ်တဲ့ လက်နက်အစီအစဉ်သစ်တွင် ပါဝင်ရန် ယူရိုဘီလီယံပေါင်းများစွာ ပေးချေဖို့ ဥရောပသမဂ္ဂ ရဲ့ တောင်းဆိုချက်ကို ဗြိတိန်က ပယ်ချခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရပါတယ်။ 

ဥရောပကော်မရှင်( အီးစီ)သည် ဥရောပအတွက် လုံခြုံရေးလှုပ်ရှားမှု (SAFE) ပဏာမခြေလှမ်းတွင် ပါဝင်ရန် ယူရို ၄ ဘီလီယံမှ ယူရို ၆.၅ ဘီလီယံ (ဒေါ်လာ ၄.၃-၇ ဘီလီယံ) ကြား လှူဒါန်းပေးပါရန် လန်ဒန်အစိုးရကို  အဆိုပြုခဲ့တယ် လို့ ဘလွန်းဘာဂ် သတင်းဌာနက ဆိုပါတယ်။ လက်နက်တပ်ဆင်ရေး အစီအစဉ်သစ်နဲ့ ပတ်သက်ပြီး ဗြိတိန်၊ ကနေဒါတို့ တို့ကိုလည်း ဖိတ်ခေါ်ပြီး  စက်တင်ဘာလကနေစပြီး ဆွေးနွေးပွဲများမှာ ပါဝင်လာခဲ့ပါတယ်။ 

ယူရို ဘီလီယံ၁၅၀ ရန်ပုံငွေကို ဒရုန်းများ၊ ဒုံးပျံစနစ်များ၊ ဆိုက်ဘာကာကွယ်ရေးကိရိယာများ နဲ့  ဥရောပ လေကြောင်း ကာကွယ်ရေးအတွက် ငွေကြေးထောက်ပံ့ရန် ဒီဇိုင်းထုတ်ထားပါတယ်။ ၎င်းက ယခုနှစ်အစောပိုင်းက အတည်ပြုခဲ့တဲ့ အီးယူရဲ့ ယူရို ဘီလီယံ ၈၀၀ စစ်ရေးအသုံးစရိတ်အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ 

ဗြိတိန် အကြီးတန်း အရာရှိတစ်ဦးရဲ့အဆိုအရ အီးယူတောင်းတဲ့ပမာဏက ထင်ထားတာထက် အဆမတန် များနေတာကြောင့် အီးယူထုတ်ထားးတဲ့ ကာကွယ်ရေးဒီဇိုင်းထဲကို ဝင်ရောက်ခွင့် မတတ်နိုင်တာကြောင့် ပယ်ချလိုက်တာလို့ သိရပါတယ်။ ရန်ပုံငွေ အဆိုပြုချက်များအတွက် နိုဝင်ဘာ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။ 

ယူကရိန်း- ရုရှား ပဋိပက္ခကြောင့် ဥရောပနိုင်ငံတွေမှာ စီးပွားရေးတိုးတက်မှု အားနည်းကာ နိုင်ငံအများစုက  ကြွေးမြီများစွာဖြင့် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ရုရှားသည် အီးယူနိုင်ငံများကို ခြိမ်းခြောက်လာနိုင်တဲ့ အတွက်ကြောင့် အီးယူနိုင်ငံများအနေနဲ့ စစ်အင်အား တိုးချဲ့ရမယ်ဆိုပြီး အနောက်နိုင်ငံအရာရှိများက အခိုင်အမာဆိုခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့မှာလည်း စစ်ရေး အသုံးစရိတ်တွေကို တိုးမြှင့်ကြဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တောင်းဆိုနေခဲ့ပါတယ်။ တိုင်းပြည်ဝင်ငွေရဲ့ ၅ % ကို ကာကွယ်ရေး စရိတ်အဖြစ် သုံးမယ်ဆိုပြီး ဆုံးဖြတ်ချက်တွေ ချထားခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)