ပခုက္ကူမြို့နယ်၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး ပြန်လည်စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့နယ်၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး ပြန်လည်စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်



ပခုက္ကူ  ၊ နိုဝင်ဘာ ၁၁

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိပြည်သူများ မဲပေးနိုင်ရေး၊ မဲစာရင်းပြည့်စုံမှန်ကန်စေရေးနှင့် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေးတို့အတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ပြန်လည်စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်ကြသည်။

ထိုသို့ပြန်လည်စိစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပါဝင်သော စိစစ်ရေးအဖွဲ့တို့မှ ပခုက္ကူမြို့ပေါ်ရပ်ကွက်များ၏ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိပြည်သူများမဲပေးနိုင်ရေး၊ ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း၍ ပြန်လည်စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)