ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ




ကန့်ဘလူ  ၊ နိုဝင်ဘာ ၂၁


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိသင်းက စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ယနေ့ခေတ်တွင် ဘဝအောင်မြင်ရေးကို ပိုမိုဦးစားပေးဆောင်ရွက်လျက်ရှိ သည့် လူငယ်များအနေဖြင့် ဇွဲ၊လုံ့လ၊ဝီရိယတို့ရှိရန်လိုအပ်သည့်အပြင် ဗလငါးတန်နှင့်ပြည့်ဝအောင် ကြိုးစားနေထိုင်ကြရန်ပြောကြား၍ လူငယ်ဘဝမြင့်မားဖို့ ဗလငါးတန်ဖြည့်ဆည်းစို့ ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပရာ အထက (၁) မှ Grade- 8 ကျောင်းသားကျောင်းသူ ၃၈ ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာဗဟုသုတရရှိရေး စာအုပ်စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များကို ဆရာမများနှင့်ကျောင်းသားကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြောင်း သိရ သည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)