Pages

Pages

ပုဇွန်တောင်မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်ပြည်သူများစာရင်းအား ရပ်ကွက်များ အလိုက် ကပ်ထားကြေညာထားရှိမှုများအား ကွင်းဆင်းကြည့်ရှု





ပုဇွန်တောင်၊ အောက်တိုဘာ    ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ကြေညာထားရှိမှုနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများစာရင်းအား ရပ်ကွက်များ အလိုက် ကပ်ထားကြေညာထားရှိမှုကို ယမန်နေ့က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန်၊ ဆန္ဒမဲပေးနိုင်ရန်၊ မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်  အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူ နိုင်ပြီး    ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ပုဇွန်တောင်မြို့နယ်အတွင်းရှိ  ရပ်ကွက်‌(၁၀) ရပ်ကွက်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်    အောက်တိုဘာ ၂၁ ရက်‌နေ့မှ ဒီဇင် ဘာ  ၄  ရက်နေ့အထိ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်စာရင်းများအား လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။


ဟန်စုယဉ်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق