ဟင်္သာတအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ (၁၀)ဦးတို့အား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ လွတ်ငြိမ်းခွင့်အမိန့်အမှတ်(၁၀/ ၁၁/ ၁၂/၂၀၂၅) ဖြင့် ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ (၁၀)ဦးတို့အား အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ လွတ်ငြိမ်းခွင့်အမိန့်အမှတ်(၁၀/ ၁၁/ ၁၂/၂၀၂၅) ဖြင့် ပြစ်ဒဏ်မှလွတ်ငြိမ်းသက်သာခွင့်ပြု


 


ဟင်္သာတ  ၊ နိုဝင်ဘာ ၂၇


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်ရှိ အကျဉ်းဦးစီးဌာန (ဟင်္သာတ)တွင် ယနေ့ နံနက်ပိုင်းက  ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူများအား ကျင့် ၄၀၁(၁)အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ၂၀၂၅ နိုဝင်ဘာ ၂၆ ရက်စွဲပါ၊ လွတ်ငြိမ်းခွင့်အမိန့်အမှတ်(၁၀/ ၁၁/ ၁၂/၂၀၂၅)ဖြင့် အကျဉ်းသား၊ အကျဉ်းသူစုစုပေါင်း (၁၀)ဦး တို့အား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုသည့် အခမ်းအနားကျင်းပခဲ့သည်။


အခမ်းအနားကို ဟင်္သာတအကျဉ်းဦးစီးဌာန သီးသန့်တရားရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဟင်္သာတခရိုင်စီံမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ်စီံမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်ဋ္ဌေး၊ မြို့မစခန်းမှူး ဒုရဲမှူးမြင့်သိန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇင်မောင်သန့်၊ ဟင်္သာတအကျဉ်းထောင် တာဝန်ခံအရာရှိ ဦးသန်းဇော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါအခမ်းအနားတွင် ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက လွတ်မြောက် အကျဉ်းသား/သူများအား ဆုံးမဩဝါဒစကားများပြောကြားရာတွင် အကျဉ်းသား/ သူများအနေဖြင့် ကျူးလွန်ခဲ့ကြသည့် ပြစ်မှုပုဒ်မအရ ထောင်ဒဏ်ကျခံစဉ်ကာလအတွင်း မိမိတို့၏ အမှားများအား သင်ခန်းစာယူ၍ ပြင်ပတွင်ကောင်းမွန်စွာနေထိုင်ပြီး သမာအာဇီဝနည်းလမ်းများဖြင့် လုပ်ကိုင်စားသောက်ကြရန်၊ မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရန်အတွက် နိုင်ငံတော်မှလွတ်ငြိမ်းသက်သာခွင့် ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့နေရပ်ဒေသသို့ရောက်ရှိပါက မဲဆန္ဒရှင်အမည်စာရင်းတွင် ပါဝင်ခြင်းရှိ/ မရှိ စိစစ်ရန်နှင့် အမည်စာရင်းမပါဝင်က သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများနှင့် ချိတ်ဆက်၍ မဲပေးနိုင်ရေးဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်  ရဲမှူး သန်းကျော်ဋ္ဌေးတို့က ယခုကဲ့သို့ကျင့် ၄၀၁(၁)အရ လွတ်ငြိမ်းဖြင့် လွတ်မြောက်ခြင်းသည် အပြီးသတ် ပြစ်ဒဏ်မှလွတ်မြောက်ခြင်းမဟုတ်ဘဲ စည်းကမ်းသတ်ဖြင့် လွတ်ခြင်းဖြစ်၍ ပြင်ပတွင်ကောင်းမွန်စွာ နေထိုင်ရန်လိုအပ်ပြီး နောက်ထပ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် စည်းကမ်းသတ် ပြစ်ဒဏ်ပါတစ်ပေါင်းတည်းကျခံရမည်ကို သိရှိရန်လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့ပြီးနောက် သက်ဆိုင်ရာတာဝန်ရှိသူများမှ အကျဉ်းသား(၈)ဦး၊ အကျဉ်းသူ(၂)ဦး၊ စုစုပေါင်း(၁၀)ဦးတို့အား လိုအပ်သော ကူညီမှုများနှင့် ခရီးစရိတ်ငွေများ ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)