ပုဇွန်တောင် ၊ နိုဝင်ဘာ ၂၂
ပုဇွန်တောင်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီး ကာကွယ်နိုင်ရေး အသိပညာကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်၊ ရေကျော်လမ်းရှိ ရေကျော်စျေးနှင့် ရေကျော် City Markတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့်မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ယာယီရဲမှူးချစ်ဆွေ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သန်းဌေး ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် အမှတ်(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရေကျော်စျေးတာဝန်ခံတို့ပါဝင်သော ပူးပေါင်းအဖွဲ့က မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး နည်းလမ်းများကို ဟောပြောအသိပညာပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက ဂက်(စ်)မီးဖို၏ မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်ပုံတို့ကို တက်ရောက်လာသော စျေးသူစျေးသားများနှင့်အတူ လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်
https://t.me/MyanmarNationalPost
ليست هناك تعليقات:
إرسال تعليق