ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် Cyber Security သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် Cyber Security သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ




ဟင်္သာတ ၊  နိုဝင်ဘာ ၂၈


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) တွင် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ Cyber Security သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲ၌ ဒုတိယပါမောက္ခချုပ်၊ ဒေါက်တာထွန်းမြတ်အောင်က အမှာစကား‌ပြောကြားရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တို့တွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းများအတွက် Cyber Security ဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန် နည်းပညာပြန့်ပွားရေးရည်ရွယ်ချက်ဖြင့် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် ကွန်ပျူတာများ၊ Mobile Phone များ၊ Internet သုံးစွဲသူများ များပြားလာသည်နှင့်အမျှ Cyber လုံခြုံရေးအတွက်လည်း အရေးကြီးလာပြီဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ပြည်သူများအတွက် ပိုမိုမြန်ဆန်သော e-Government ဝန်ဆောင်မှုများ အသုံးပြုလာတာနှင့်အမျှ သတင်းအချက်အလက်များ မပေါက်ကြားစေရေးအတွက် ဆောင်ရွက်နိုင်ရန် Cyber Security ဗဟုသုတများ၊ နည်းပညာများကို ဖြန့်ဝေရခြင်းဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သောသင်တန်းတွင် Cyber Security နှင့်ပတ်သက်၍ အခြေခံသဘောတရားများ သိရှိအောင် သင်ကြား‌ပေးခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မျက်မှောက်ခေတ် Cyber လုံခြုံ‌ရေးနှင့်ပတ်သက်၍ နည်းပညာများကို မျက်ခြေမပြတ်လေ့လာသွားရန်လည်းလိုအပ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများသည် စိတ်ဝင်တစားလေ့လာခဲ့သည့်အတွက်လည်း များစွာဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပါသည်။ ယင်းနောက် (၅.၁၁.၂၀၂၅) ရက်နေ့မှ (၂၁.၁၁.၂၀၂၅) ရက်နေ့အထိ Cyber Security သင်တန်းတက်ရောက်ခဲ့ပြီး၊ အရည်အချင်းစစ်အောင်မြင်ပြီးစီးသူ သင်တန်းသား၊ သင်တန်းသူ(၄၁)ဦးအား ဒုတိယပါမောက္ခချုပ်၊ ‌ဒေါက်တာထွန်းမြတ်‌အောင်က သင်တန်းဆင်းလက်မှတ်များ အသီးသီးချီးမြှင့်ခဲ့ပြီး၊ အခမ်းအနားသို့ တက်ရောက်လာသူများ ၊သင်တန်းသား ၊သင်တန်းသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)