Pages

Pages

ကြည့်မြင်တိုင်မြို့နယ်၌ ပြည်သူများမဲစာရင်းမကျန်ရှိစေရေး တာဝန်ရှိသူများ (Door to Door) ကွင်းဆင်းဆောင်ရွက်

 



ကြည့်မြင်တိုင်   ၊  နိုဝင်ဘာ ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့်ကိုက်ညီသည့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင်ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း (Door to Door) လိုက်လံကွင်းဆင်း  ဆောင်ရွက်ခြင်းကို ကြည့်မြင်တိုင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထို့သို့ကွင်းဆင်းရာတွင် ကြည့်မြင်တိုင်မြို့နယ် မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့များနှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက အိမ်ထောင်စုလူဦးရေစာရင်းတွင် ပါ၀င်သည့် အမည်စာရင်းနှင့် မဲစာရင်းတွင်ပါ၀င်သည့် အမည်စာရင်း မှန်၊ မမှန်၊ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄/ဂ) ဖြင့် ပြင်ဆင်လွှာတင် သွင်းခြင်းများကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ကွက် (၂၂) ရပ်ကွက်ရှိပြီး မြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲစာရင်းတွင်ပါဝင်သင့်သူများပါဝင်ပြီး၊ မပါဝင်သင့်သူများ ပါဝင်မှုမရှိစေရန် မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း (Door to Door) စာရင်းကောက်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ခိုင်ဇာလင်း

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق