Pages

Pages

ပြည်မြို့၌ ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်ရှိ တောင်သူများအတွက် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ



ပြည် ၊ နိုဝင်ဘာ ၂၇

ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ တောင်သူများအတွက် လက်ဆွဲမျိုးစေ့ချကိရိယာ(Drum Seeder)များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စပါးသီးနှံအပါအဝင် သီးနှံများစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေဧရိယာတိုးချဲ့ခြင်းထက် ပိုမိုလက်တွေ့ကျတဲ့ သီးနှံအလိုက် တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ သီးထပ်စွမ်းအားနဲ့ သီးနှံစိုက်စွမ်းအား တိုးတက်ရေးတို့ကို နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စပါးသီးနှံပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးအတွက် နည်းလမ်းကြံဆဆောင်ရွက်တဲ့နေရာမှာ စိုက်စနစ်မှန်ကန်ရေးက အလွန်အရေးကြီးပြီး တစ်ဧကသတ်မှတ် အပင်ဦးရေ မှန်ကန်၊ ပြည့်မီအောင် စိုက်ပျိုးနိုင်တဲ့ နည်းလမ်းများဖြစ်တဲ့ ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ တိုက်ရိုက်မျိုးစေ့ချ ကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးခြင်း နည်းလမ်း(၃)မျိုးအနက် Drum  Seeder နဲ့ စိုက်ပျိုးခြင်းက ကုန်ကျစရိတ် အနည်းဆုံးဖြစ်ပြီး အလွယ်တကူလိုက်နာ ကျင့်သုံးနိုင်တဲ့ စပါးစိုက်နည်းစနစ်တစ်ခုဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိနိုင်တဲ့ Drum  Seeder နဲ့ စပါးစိုက်ပျိုးတဲ့စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် လိုက်နာဆောင်ရွက်နိုင်ရေး တောင်သူအိမ်ထောင်စုတိုင်း အနည်းဆုံး Drum  Seeder (၁)ခု ပိုင်ဆိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်သည့် Drum Seeder (၁)ခုလျှင် ငွေကျပ်(၂)သိန်းနှုန်းဖြင့် ဖြန့်ဖြူးပေးသွားမှာဖြစ်ကြောင်းနှင့် စက်မှုလယ်ယာကူးပြောင်းရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်လုပ်ပေးအပ်ထားတဲ့ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များကို လယ်ယာလုပ်ငန်းခွင်တွင် အကျိုးရှိစွာ အသုံးချနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ခရိုင်နှင့် နတ်တလင်းခရိုင်တို့မှ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တောင်သူများထံ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) အခုရေ(၁၄၀၀)အား ပထမအကြိမ်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့ပြီး ထိုသို့တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ပေးအပေါ် ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပြီး လွှဲပြောင်းပေးအပ်မည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


ကိုဆက်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق