မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အစိုးရရိပ်သာဝန်းအတွင်း Low Pressure Cold Radio-Frequency Discharge Plasma (LPCRFDP) စက်ဖြင့် ဝါမျိုး (၂) မျိုးပေါ် Radiation နှုန်းထားအမျိုးမျိုးပေး၍ အကျိုးသက်ရောက်မှုကို လေ့လာခြင်းများ လုပ်ဆောင်မှုကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ အစိုးရရိပ်သာဝန်းအတွင်း Low Pressure Cold Radio-Frequency Discharge Plasma (LPCRFDP) စက်ဖြင့် ဝါမျိုး (၂) မျိုးပေါ် Radiation နှုန်းထားအမျိုးမျိုးပေး၍ အကျိုးသက်ရောက်မှုကို လေ့လာခြင်းများ လုပ်ဆောင်မှုကြည့်ရှုစစ်ဆေး






မကွေး၊ နိုဝင်ဘာ ၂၀

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ လိုက်ပါကာ နိုဝင်ဘာလ ၁၈ ရက် နေ့နံနက်ပိုင်းက မကွေးမြို့ အစိုးရရိပ်သာဝန်းအတွင်း Low Pressure Cold Radio-Frequency Discharge Plasma (LPCRFDP) စက်ဖြင့် ဝါမျိုး (၂) မျိုးပေါ် Radiation နှုန်းထားအမျိုးမျိုးပေး၍ အကျိုးသက်ရောက်မှုကို လေ့လာခြင်းများ လုပ်ဆောင်မှုအား ကြည့်ရှုစစ်ဆေးသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ မကွေးမြို့ အစိုးရရိပ်သာဝန်းအတွင်း ရောက်ရှိစဉ် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း ဝါသီးနှံများ စနစ်တကျစိုက်ပျိုးနိုင်ဖို့အတွက် ဝါမျိုး (၂) မျိုးကို Radiation နှုန်းထားအမျိုးမျိုးပေး၍ အကျိုးသက်ရောက်မှုကို လေ့လာခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ဝါသီးနှံကို ဧကပေါင်း (၂) သိန်းကျော်ကို စိုက်ပျိုးလျက်ရှိပြီး အဓိကမျိုးပင်များအဖြစ် ရွှေတောင်-၈၊ ရွှေတောင်-၁၀၊ ငွေချည်-၆၊ ငွေချည် - ၉၊ ငွေချည်- ၁၁ စသည့်မျိုးများကို စိုက်ပျိုးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ဝါသီးနှံအား မိုးရေကို အဓိကအားထားစိုက်ပျိုးရသည့် သီးနှံဖြစ်ဖြစ်သည့်အတွက် မိုးခေါင်ဒဏ်ခံနိုင်ဖို့ ရေဝတ်ဒဏ်ခံနိုင်စေဖို့ ပိုမိုကောင်းမွန်သည့်မျိုးများ စိုက်ပျိုးနိုင်ရန် မျိုးပေါ် Radiation နှုန်းထားအမျိုးမျိုးပေး၍ အကျိုးသက်ရောက်မှုကို လေ့လာခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာ Radiation Treatment ဆောင်ရွက်ခြင်းကို ဝါသီးနှံအပြင် နွေသီးနှံနှင့် မိုးသီးနှံစိုက်ပျိုးရာသီမှာ နှမ်းသီးနှံနှင့် အောင်နိုင်တိုးစပါးမျိုးများကိုလည်း စမ်းသပ် ဆောင်ရွက်လျက်ရှိပြီး ရရှိလာသည့် မျိုးများနှင့် နည်းစနစ်များအပေါ် မူတည်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသည့် အဓိကသီးနှံများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝါစိုက်တောင်သူများအတွက် စီးပွားရေးတွက်ချေကိုက်စေမည့် အထူးအထွက်တိုးဝါမျိုးများရဲ့ အရည်အသွေးများ လျော့နည်းပျက်စီးသွားခြင်းမရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေးမှုကို မျိုးစေ့ထုတ်တောင်သူများက မျက်ခြေမပြတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဝါစိုက်တောင်သူများအနေဖြင့် မိမိတို့နေထိုင်သည့် ဒေသရာသီဥတုအခြေအနေပေးမှု၊ မိရိုးဖလာလုပ်ငန်းအပေါ် မူတည်၍ စိုက်ပျိုးမည့်ဝါမျိုးကို ရွေးချယ်စိုက်ပျိုးကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)